စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာ ၁၂ ရွာရှိ လူနေအိမ် ၁၄၃ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဧပြီ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်၍ မိုးရွာခဲ့ပြီး ဟုမ္မလင်းမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဥရုချောင်းဆုံရာ အနီးတဝိုက်ရှိ လိုင်မဆန်၊ ဇီးကုန်း၊ ညောင်ပင်သာ စသည့် ကျေးရွာများနှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ နွေစပါးခင်းများလည်း ပျက်စီးသွားကြောင်း ဟုမ္မလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၏ ပြောကြားချက်အရ သိရသည်။
“ချင်းတွင်းမြစ်နဲ့ ဥရုချောင်းဆုံတဲ့နေရာတဝိုက်က လေကြောင်းသင့်သွားတဲ့ သဘောပေါ့။ မြို့ပေါ်နဲ့တခြားနေရာတွေက အပျက်အစီးသိပ်မရှိဘဲ အဲဒီနေရာတဝိုက်က ရွာတွေပဲ အပျက်အစီး များသွားတာ။ တိုက်သွားတဲ့လေပုံစံက လေဆင်နှာမောင်း ပုံစံလိုမျိုး။တချို့သစ်ပင်ကြီးတွေဆိုရင် လိမ်ပြီးချိုးသလို ထက်ပိုင်း ပြတ်ထွက်ကုန်တာ။ အိမ်အများစုက သွပ်မိုးတွေလန်ထွက်ကုန်တယ်။ တချို့အိမ်တွေကြတော့လည်း တစ်အိမ်လုံး ပြားသွားတာရှိတယ်။လေပြင်းတိုက်တဲ့အပြင် မိုးလည်းရွာ၊ မိုးသီးတွေလည်းကြတော့ စပါးခင်းတွေလည်း ပျက်ကုန်တယ်။ လူတွေ၊ ကျွဲနွားတွေထိခိုက်တာတော့ မရှိဘူး။ အိမ်ပျက်စီးသွားတဲ့လူတွေက လောလောဆယ်တော့ ဆွေမျိုးနီးစပ်အိမ်မှာ သွားနေကြရတယ်” ဟု ဦးညီညီထွေးမှ ပြောကြားသည်။
ထိုကျေးရွာများရှိ အပျက်အစီး စာရင်းများ ကောက်ယူခဲ့ရာ စုစုပေါင်းတန်ဖိုး ကျပ် ၁၁၇ သိန်းကျော်ရှိကြောင်းဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
