တေးသံရှင်ဇော်ဝင်းထွဋ်သည် အမရာဆောင်တွင် Quarantine ဝင်လျက်ရှိရာမှ COVID-19 ရောဂါပိုး ရှိ မရှိ ဆေးစစ်ချက် အဖြေမှာ ယနေ့နံနက်ပိုင်းတွင် သိရှိရပြီဖြစ်ကာ Negative ဖြစ်ကြောင်း ဇနီးဖြစ်သူဒေါ် မေခင်အုန်းနှင့် အင်ပါယာတီးဝိုင်းမှကိုသန့်ဇော်တို့၏ လူမှုကွန်ရက်စာမျက်နှာများထက် တွင်ရေးသားဖော်ပြထားသည်။
နဝရတ်စတူဒီယိုပိုင်ရှင်ကိုဝေထွန်း၏ COVID-19 ဆေးစစ်ချက်အဖြေမှာ positive ထွက်ရှိခဲ့ပြီး နောက် ဧပြီလဆန်းပိုင်းတွင် ကိုဝေထွန်းနှင့် အချိန်ခဏမျှတွေ့ဆုံနှုတ်ဆက်ခဲ့သည့်အတွက် တေးသံရှင်ဇော်ဝင်းထွဋ်မှာ Quarantine ဝင်နေခြင်းဖြစ်သည်။ တေးသံရှင်ဇော်ဝင်းထွဋ်၏ဆေးစစ်ချက်အဖြေ negative ဟုသိရှိရသဖြင့် အနုပညာရှင်များ နှင့်ပရိသတ်များကဝမ်းမြောက်ကြောင်းများ ရေးသားဖော်ပြခဲ့ကြသည်။
“အမရာ Quarantine Center က အားလုံးက all negative ပါ။ အားလုံး negative ဆိုလို့ ထပ်ဆင့်ဝမ်းသာရပါတယ်။ ဒီမှာတူတူ ရှိနေတဲ့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအတွက်ရော၊ အိမ်သာရေချိုးခန်း အများဆုံး ဆိုတော့ လာမိမှ ကိုယ့်ကို ပိုးကူးမှာလား စိတ်ထင့် နေရတာ အတွက်ပေါ့” ဟု တေးသံရှင်ဇော်ဝင်း ထွဋ်၏ဇနီးဖြစ်သူဒေါ်မေခင်အုန်းက လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားဖော်ပြထားသည်။
အင်ပါယာတီးဝိုင်းမှကိုသန့်ဇော်ကလည်း “ညီထွဋ်ဆေးစစ်ချက်အဖြေသိရပါပြီ။ ညီထွဋ်နဲ့အတူ Quarantine အတူဝင်ကြတဲ့ ၉၈ ယောက်လုံးလည်း အားလုံး Negative ပါ။ ဘော်ဒါတွေအားလုံးသိရအောင်ပါ” ဟု လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်အသိပေးထားသည်။
တေးသံရှင်ဇော်ဝင်းထွဋ်၏ ပရိသတ်များ စုပေါင်းဖွဲ့စည်းထားသည့် official emperor fan club တွင်လည်း ယင်းသတင်း အားမျှဝေပေးလျက်ရှိကာ ဝမ်းမြောက်ကြောင်း သတင်းစကားများရေးသားဖော်ပြကြသည်။ ထို့အပြင်အနုပညာရှင်များစွာကလည်း တေးသံရှင်ဇော်ဝင်းထွဋ်၏ ဆေးစစ်ချက်အဖြေအတွက် ဝမ်းမြောက်ကြောင်းများ ရေးသားဖော်ပြလျက်ရှိသည်။ လက်ရှိတွင် တေးသံရှင်မျိုးကြီး၊ နီတာ၊ နဝရတ်စတူဒီယိုပိုင်ရှင် ကိုဝေထွန်းစသူတို့မှာ COVID-19 Positive ဖြစ်သည့်အတွက် ဆေးကုသမှုခံယူ ရလျက်ရှိကာ အမြန်ဆုံးသက်သာပျောက်ကင်းစေရန်အတွက်လည်း အနုပညာရှင်များနှင့်ပရိသတ်များက ဆုတောင်းစကားများ ပြောကြားပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
