COVID-19 ရောဂါကူးစက်ခံရသူ အများဆုံးတွေ့ရှိခဲ့သည့် အင်းစိန် မြို့နယ်တွင် ဧပြီ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်က COVID-19 ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခဲ့ကြောင်း သိရသည်။
အဆိုပါပိုးသတ်ဆေးဖြန်းခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ မီးသတ်ယာဉ်များ၊ရေသယ်ယာဉ်များဖြင့်ဆေးဖြန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုးသတ်ဆေးဖြန်းခြင်းကို အင်းစိန်းမီးသတ်ရှေ့မှ စုရပ်လုပ်၍ လှိုင်မြစ်လမ်း-ပေါက်တောဝ- ပြည်တော်သာ- မင်းကြီးလမ်း-အင်းစိန်ပန်းခြံထိ၊ထိုမှတစ်ဆင့် ဘီအိုစီကွေ့- ဘူတာရုံလမ်း-အာလိန်ငါးဆင့်-လမ်းသစ်လမ်းမ-မီးရထားကုန်းကျော်တံတား-လှိုင်မြစ်လမ်းတို့အထိ ဆေးဖြန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ဧပြီ ၂၁ ရက်ညပိုင်းအထိ COVID-19 ရောဂါကူးစက်ခံရသူ ၁၂၁ ဦးထိရှိလာပြီး ယင်းအနက် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်တွင် ၁၉ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင် ပိုးသတ်ဆေး ဖြန်းပြီးပါက လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင်လည်း ပိုးသတ်ဆေးများ ဖြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
