Top News

ကမ္ဘာ့ရေနံစျေး တစ်စည် သုညဒေါ်လာအောက် ကျဆင်းပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ လေးလကျော်အတွင်း ၄၃ ရာခိုင်နှုန်းကျော်မှ ၅၅ ရာခိုင်နှုန်းကျော်အထိ ဆက်လက်ကျဆင်း
24htopnews | November 29, 2024 12:12 AM CST

ကမ္ဘာ့ရေနံစျေးသည် တစ်စည် သုညဒေါ်လာအောက်အထိ ကျဆင်းပြီး ပြည်တွင်း စက်သုံးဆီစျေးနှုန်းများ လေးလကျော် (ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၂၁ ရက်အထိ) အတွင်း တစ်လီတာ ကျပ် ၅၂၀ မှ ၅၇၅ ကျပ်အထိ ဆက်လက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊  မတ် ၇ ရက်တွင် ၄၁ ဒေါ်လာ၊ မတ် ၁၈ ရက်တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက် ကျဆင်းခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံး ဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၄၆၅ ကျပ် (တစ်ဂါလန်၂၁၁၃ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၄၇၅  ကျပ် (တစ်ဂါလန် ၂၁၅၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၃၃၀ (တစ်ဂါလန် ကျပ် ၁၅၀၀)၊ အောက်တိန်း 95 Ron တစ် လီတာ  ၄၅၅ ကျပ် (တစ်ဂါလန်၂၀၆၈ ကျပ်) ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်လီတာစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒီဇယ် ကျပ် ၅၂၀ (၅၂ ဒသမ ၇၉ ရာခိုင်နှုန်း)၊ ပရီမီ ယံဒီဇယ် ကျပ် ၅၄၀ (၅၄ ဒသမ ၂၇ ရာခိုင် နှုန်း)၊ အောက်တိန်း 92 Ron ၅၇၅ ကျပ် (၆၃ ဒသမ ၅၃ ရာခိုင်နှုန်း)၊ အောက်တိန်း 95 Ron ကျပ် ၅၆၀ (၅၆ ဒသမ၂၈ ရာခိုင် နှုန်း) အထိ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့်၂၀၁၈ ခုနှစ် ဇွန်မှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင်၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျ နည်းပါးကာ ဇွန်လ (၂၁ ရက်အထိ) တွင် ကျပ် ၁၁၀ မှ ကျပ် ၁၃၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ဇွန်၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း တစ်လီတာ ၃၅ ကျပ်ပြန်လည် မြင့်တက်ခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ တစ်လီတာ ၃၅ ကျပ်မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ၂၅  ရက်အတွင်း တစ်လီတာ ကျပ် ၇၀ အထိ ပြန်တက်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ ပြန်လည်ကျဆင်းခဲ့သည်။ အောက်တိုဘာ ၉ ရက်မှ ၂၅ ရက်အတွင်း တစ်လီတာ ကျပ် ၄၀ မှ ၄၅ ကျပ်အထိ ပြန်တက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၁၅ ကျပ် အထိ ပြန်ကျခဲ့သည်။ နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ် အထိ၊ နိုဝင်ဘာ၂၁ ရက်မှ ၂၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက် အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ဇန်နဝါရီ ၉ ရက် အတွင်း တစ်လီတာ ကျပ်၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ ဧပြီ ၂၁ ရက် အတွင်း တစ်လီတာ ကျပ် ၅၂၀ မှ ၅၇၅ ကျပ် အထိ ပြန်လည်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင်၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်)၊ ပရီမီယံဒီ ဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron  တစ်လီတာ ၆၅၀ ကျပ် (တစ် ဂါလန် ၂၉၅၁ ကျပ်) ဖြစ်သည်။


READ NEXT
Cancel OK