Top News

မူဆယ်မြို့တွင် မိုးသက်လေပြင်းကျ၍ နေအိမ်များ ပျက်စီးပြီး ဝါဂွမ်းဂိုထောင် မီးလောင်မှုဖြစ်ပွား
24htopnews | November 29, 2024 12:12 AM CST

 

မူဆယ်မြို့တွင် ဧပြီလ ၂၁ ရက် ည ၉ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခက်မှု့ကြောင့် မြို့ပေါ်ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးမှုရှိခဲ့ပြီး မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ်တွင် ဝါဂွမ်းဂိုထောင် မီးလောင်ခဲ့ပြီး ဝါဂွမ်း သဘောသဘာဝအရ ဧပြီ ၂၂ ရက် ညနေထိတိုင် မီးလောင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မိုးသက်လေပြင်း တိုက်ခက်စဉ် ဝါဂွမ်းသိုလှောင်ရုံအတွင်း သွပ်များကြားက သွယ်တန်းထားသော ဝါယာကြိုးများ ပေါက်ကာ အပူလွန်ကဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်ခရိုင်မီးသတ်ရုံးမှ သိရှိရသည်။

“ည ၉ နာရီခွဲလောက် လေတိုက်နေတဲ့အချိန်မှာ မီးသတင်း ဝင်လာပါတယ်၊ လေတိုက်နေတော့ စိုးရိမ်လွန်ပြီးတော့ မီးသတ်သန္ဓေ ၂၀ ၊အရံအင်းအား ၁၀၀ ၊မီးသတ်ယာဉ် ၁၂ စီးနဲ့ ငြိမ်းခဲ့တာပေါ့ ၊ဖြစ်စဉ်ကတော့ ဝါဂွမ်းဂိုထောင်ထဲမှာ သွယ်ထားတဲ့ ဝါယာကြိုးတွေဟာ သွပ်ပြားတွေကို ဖေါက်ပြီးတော့ သွယ်ထားတဲ့ ဝါယာဖြစ်တဲ့အတွက် လေတိုက်တဲ့အခါမှာ ပွန်းပြီးတော့ ရှော့ရိုက်ပြီး ဝါဂွမ်းတွေကို ကူးဆက်ပြီး လောင်ကြွမ်းခဲ့တာ ၊ ကျွန်တော်တို့ ၉ နာရီ ၅၀ မှာ မီးထိန်းပြီးတော့ ၁၀ နာရီခွဲမှာ မြီးငြိမ်းခဲ့ပါတယ်။ ဒါပေမယ့် ဝါဂွမ်းရဲ့ သဘောသဘာဝအရ မီးငြိမ်းပြီးပေမယ့်လည်း ပြန်ပြီးတော့ အငွေ့အသက်က လောင်ကြွမ်းတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၂၂ ရက် မနက် ၅ နာရီကနေ စပြီးတော့လည်း မီးသတ်ယာဉ် ၁၂ စီး မီးသတ်အင်းအား စုစုပေါင်း အရံ သန္ဓေ ၁၅၀ လောက်နဲ့ လက်ကျန်ကို စက်လက်ငြိှမ်းသက်ပြီး အခု နေ့လည် ၂ နာရီလောက်မှာ ပြီးသလောက်တော့ ဖြစ်သွားပါပြီ” ဟု မူဆယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းစိုးက ပြောကြားသည်။

အဆိုပါ မီးလောင်းမှုကြောင့် အခြားသို့ ကူးဆက်ပျံနှံခြင်း လူသူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ဝါဂွမ်း သဘောသဘဝအရ လှိုက်စားလောင်ကျွမ်းမှုကြောင့် ယနေ့ နေ့လည် ၃ နာရီအထိတိုင် လှိုက်လောင်နေခဲ့ပြီး ယင်းမီးအား မီးသတ်ကား ၁၂ စီး မီးသတ်အင်အား ၁၅၀ ခန့် မီးငြိမ်းသက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုကို မူဆယ်မြို့မရဲစခန်းက မီးပေါ့စသူ သိုလှောင်ရုံတာဝန်ခံ ချစ်ထူး (ခ) အောင်ကိုဦးအား ပထမသတင်းပေး တိုင်တန်းချက်အမှတ် (ပ) ၂၅၄ /၂၀၂၀ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွတ်ထားကြောင်း သိရပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်းငါးဆယ် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် မိုးသက်လေပြင်း တိုက်ခက်မှူ့ကြောင့် မူဆယ်မြို့နယ်အတွင်းရှိ လူနေအိမ်အချို့ ပျက်စီးခဲ့ရာ ပျက်စီးခဲ့သော အိမ်များသို့ လူမှု့ရေးအသင်းအဖွဲ့များက သွားရောက်ကူညီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်မြို့နယ်အတွင်း ဟိုမွန်ရပ်ကွက်တွင် အိမ်သွပ်မိုးလန်မှု ငါးလုံး၊ မန့်မိုင်တွင် နေအိမ် သွပ်မိုးလန်မှု တစ်လုံး ၊ နမ့်ကပ်တွင် သွပ်မိုးလန်မှု လေးလုံး၊ သန်းသန်ချီကားကွင်းတွင် အိမ်မိုးလန်မှု ၇ ခန်း၊ တောင်ရပ်ကွက်တွင် နေအိမ ်တစ်လုံး နှင့်မြောက်ရပ်ကွက်တွင် သွပ်မိုးလန်မှု ၂ လုံးတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

 


READ NEXT
Cancel OK