COVID-19 ရောဂါပိုးတွေ့ရှိသည့် Case-121 မှာ ကယားပြည်နယ်သို့ လာရောက်လာခဲ့သဖြင့် ၎င်းဝင်ထွက်သွားလာခဲ့ရာ နေရာအချို့အား အဝင်အထွက် ပိတ်ထားပြီး ထိတွေ့ဆက်ဆံခဲ့သူများအား စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Case-121 ၏ ဖခင်ကို ကယားပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဧပြီ ၇ ရက်တွင် သမီးဖြစ်သူနှင့်အတူ ကိုယ်ပိုင် မော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့မှ စတင်ထွက်ခွာလာပြီး ပရဟိတသင်တန်းကျောင်း တောင်ပေါ်စခန်း (လွိုင်ကော်) သို့ ရောက်ရှိခဲ့ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက်တွင် စစ်ဆေးမှုခံယူခြင်းမှအပ မည်သည့်နေရာတွင်မျှ ရပ်နားမှု မရှိကြောင်း ဖြေကြားသည်ဟု သိရသည်။
၎င်းတို့သည် တောင်ပေါ်စခန်း ပရဟိတသင်တန်းကျောင်းသို့ သွားရာတွင် လမ်းပြ ပို့ဆောင်ပေးမည့် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်သစ္စာလမ်းရှိ ဦး----နေအိမ်ရှေ့သို့ လာရောက်ခဲ့ပြီး လမ်းပြနှင့်အတူ တောင်ပေါ် စခန်းပရဟိတ သင်တန်းကျောင်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
Case-121 သည် တောင်ပေါ်ပရဟိတစခန်းရှိ မောင်ဖြစ်သူနှင့် တွေ့ဆုံပြီး ပရဟိတစခန်းအား အလှူပစ္စည်းများ ပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် လမ်းပြပေးသူအား ၎င်း၏နေအိမ်ရှေ့သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး လွိုင်ကော်မှ တောင်ကြီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
လမ်းပြပို့ဆောင်ပေးခဲ့သူ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နေ ဦး--နှင့် တစ်အိမ်တည်းနေ ဇနီး၊ သမီးတို့အား ကယားပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် နတလကျောင်း Community Based Facility Quarantine နေရာသို့ ဧပြီ ၂၂ ရက်တွင် ပို့ဆောင် စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ပိုးတွေ့တဲ့ ကောင်မလေးနဲ့ သူ့ အဖေက ဒီအိမ်ကလူကို လမ်းပြဖို့ လာခေါ်သွားတာပါ။ နေ့ချင်းပြန် ပြန်လာတယ်လို့ ပြောပါတယ်။ ဒီအိမ်ကသူတို့ သားအမိသားအဖသ ုံးယောက်ကိုတော့ ဆေးရုံကကားနဲ့ နေ့လည် ၁၂ နာရီ ၁၅ လောက်က ခေါ်သွားပါတယ်။ ခုချိန်မှာ မီးသတ်နဲ့ ပရဟိတအဖွဲ့တွေက အိမ်ဝန်းကျင် ဆေးလာဖြန်းနေပါတယ်။ ညဘက်တော့ လမ်းတစ်လျောက် ဆက်ဖြန်းပေးသွားမှာပါ” ဟု လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ပြောကြားသည်။
ထို့ပြင် ပရဟိတ တောင်ပေါ်စခန်းအား Lockdown ချထားမည်ဖြစ်ပြီး Case-121 နှင့် ဖခင်တို့အား စစ်ဆေးခဲ့သည့် ကယားပြည်နယ်တွင်းရှိ ဂိတ်တွင်တာဝန်ကျ စစ်ဆေးရေးဝန်ထမ်းများအား Home Quarantine ထားရှိမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
