မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားသည် တမူးမြို့ ခမိတ်ကျေးရွာ အလက ကျောင်းတွင် Quarantine စောင့်ကြည့်မှုခံယူနေသော ဇနီးရှိရာသို့ တာဝန်ရှိသူများ ခွင့်ပြုချက် မတောင်းခံပဲ အခန်းအတွင်းသို့ အတင်းဝင်ရောက်ခဲ့သည့်အပြင် Quarantine ဝင်နေသူ ဇနီးသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အတွက် ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ်မ (၁၈) အရ ထောင်ဒဏ် သုံးလ ကျခံစေရန် အမိန့်ချခဲ့သည်ဟု သိရသည်။
တမူးခရိုင်၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု၊ ခမိတ်ကျေးရွာတွင် နေထိုင်သူ ...ဒေါ် ....... သည် ဧပြီ ၁၅ ရက်တွင် မန္တလေးမြို့မှ ခမိတ်ကျေးရွာသို့ ပြန်လည် ရောက်ရှိလာသဖြင့် COVID-19 ကာကွယ်၊ စောင့်ကြည့်ရေးအတွက် ခမိတ်ကျေးရွာ၊ အလက ကျောင်း၌ Quarantine စောင့်ကြည့်မှု ခံယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ ဒေါ်.........၏ ခင်ပွန်း ဦး ..............သည် ၎င်း Quarantine ဝင်ရောက်နေသည့် အလက ကျောင်းအတွင်းသို့ တာဝန်ရှိသူများထံ ခွင့်ပြုချက်မတောင်းခံဘဲ အတင်းဝင်ရောက်၍ ဒေါ်..... အား ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်း၊ တာဝန်ထမ်းဆောင်နေသူများအား တာဝန် ဝတ္တရား နှောက်ယှက်မှုကြောင့် ခမိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်းပေး ပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ Quaratine နေရာသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသူ ခမိတ်ကျေးရွာနေသူ ဦး ....... အား ၊ တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှုး (၁) ဦးတင့်လွင်မှ တရားလို ပြုလုပ်၍ ၁၉၉၅ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် ဧပြီ ၂၀ ရက်တွင် ဦးတိုက် လျှောက်ထားခဲ့ပြီးအဆိုပါ အမှုကို တမူးမြို့နယ် တရားရုံးမှ ရာဇသတ်ကြီး အမှုအမှတ် ၉၈ / ၂၀၂၀ ဖြင့် လက်ခံစစ်ဆေးခဲ့ကာ ဦး..... က အပြစ်ရှိကြောင်း ဝန်ခံခဲ့သဖြင့် ၁၉၉၅ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ အရ ဦး ........ ကို ထောင်ဒဏ် သုံးလ ကျခံစေရန်အတွက် အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
