နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ပြည်တွင်းပြည်ပခရီးသွားများ တည်းခိုခြင်းမရှိဘဲ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းခပေးသွင်းခြင်းကို ခြောက်လရွှေ့ဆိုင်းပေးသွင်းခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံပိုင်ဟိုတယ်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားရှိရာ လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ COVID-19 ကပ်ရောဂါ ကူးစက်မှု ကျယ်ပြန့်များပြားလာခြင်းကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်တည်းခိုခြင်း မရှိဘဲ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း တွေ့ရှိရသဖြင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရန်အတွက် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်သူများမှ ဌာနသို့ ပေးသွင်းရမည့် ဟိုတယ်၊ မြေငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လ ရွှေ့ဆိုင်းပေးသွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် COVID-19 ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စစ်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းသို့ကင်းလွတ်ခွင့်ပြုမည့်ကာလမှာ ၂၀၂ဝပြည့်နှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေ ၂၀၁၈ နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင် အသစ်လဲလှယ်ကြေးများကို ကောက်ခံနေခြင်းဖြစ်သည်။
နိုင်ငံအများအပြားတွင်ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများရှိနေသဖြင့် ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စစ်အသစ်လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ပြည့်နှစ် မတ် ၃၁ ရက်အထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များမှ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရန် နိုင်ငံတော်မှ အတိုးမဲ့ချေးငွေများ ခွင့်ပြုပေးရန်၊ အခွန်ဆောင်ရမည့် အချိန်ကာလအား နောက်ဆုတ်ပေးရန်အပါအဝင် အချက်သုံးချက်အား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ နိုင်ငံတော်သို့ တင်ပြထားကြောင်း သိရသည်။
COVID-19 ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ကျဆင်းနေပြီး ဟိုတယ်လုပ်ငန်းရှင်များမှ ဝန်ထမ်းလစာ မပေးနိုင်ခြင်းများမဖြစ်စေရန် နိုင်ငံတော်မှ အတိုးမဲ့ ချေးငွေချေးယူရန် တင်ပြလာသည့် ဟိုတယ်လုပ်ငန်းရှင်ပေါင်း ၆၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကျော်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ COVID-19 ရောဂါကြောင့် အသင်းဝင်ဟိုတယ်များအနေဖြင့် လတ်တလောရင်ဆိုင်နေရသည့် မိမိတို့ဝန်ထမ်းများ လစာပေးနိုင်ရန်ကိစ္စနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ ကျွမ်းကျင် ဟိုတယ်ဝန်ထမ်းများအား လျှော့ချရခြင်း၊ လစာမပေးနိုင်ခြင်းကိစ္စများ မဖြစ်ပေါ်စေရန် အသင်းဝင်ဟိုတယ်များ၏ ဝန်ထမ်းလစာများအတွက် အတိုးမဲ့ချေးငွေများကို နိုင်ငံတော်ဘဏ်များမှ ထုတ်ချေးနိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြထားခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
