မန္တလေးတွင် ညဘက်အပြင်ထွက်မရအမိန့် မလိုက်နာသူအမျိုးသားနှစ်ဦးအား တုတ်ဖြင့်ရိုက်ကာ အပြစ်ပေးမှု ဧပြီလ၂၁ ရက် ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ညဘက်အပြင်ထွက်မရအမိန့် မလိုက်နာဘဲ ချိုးဖောက်သူအမျိုးသားနှစ်ဦးက တုတ်ဖြင့်ရိုက်ကာ အပြစ်ပေးရန်တောင်းဆိုသဖြင့် ၎င်းတို့အား ရိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၆၂ လမ်း၊ မနော်ဟရီလမ်းနှင့် စိန်ပန်းလမ်းကြားတွင် ဧပြီလ ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ညမထွက်ရတားမြစ်အမိန့် ဖောက်ဖျက်ကျုးလွန်ခဲ့သည့် အမျိုးသားနှစ်ဦးက ဆုံးမအပြစ်ပေးရန် တောင်းဆိုသည့်အတွက် တုတ်ဖြင့်တစ်ချက်စီရိုက် အပြစ်ပေးခဲ့သည်ဟု သိရသည်။
"ပထမတစ်ခါ သတိပေးပြီး ပြန်လွှတ်ပြီးသားကို ဒုတိယအကြိမ်ရောက်လာတယ်။ အဲဒီမှာတာဝန်ရှိသူတွေက အရေးယူဖို့လုပ်တော့ ရဲက မလိုအပ်ဘဲ နစ်နာမှာစိုးလို့ ရိုက်ပြီးပြန်လွှတ်လိုက်မယ်ဆိုပြီး ဝါးခြမ်းပြားနဲ့ တစ်ချက်ပဲ ရိုက်လိုက်တာပါ။ ဟိုလို နာပါစေဆိုပြီး ရိုက်တာမဟုတ်ပါဘူး" ဟု မြို့သစ် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြခဲ့သည်။
၎င်းတို့ကို ၆၂ လမ်းပေါ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ရာတွင် ညမထွက်ရအမိန့်အား ကျော်လွန်နေသည့်အတွက် အိမ်သို့ပြန်ရန်ပြောကာ ပြန်လွတ်ခဲ့သော်လည်း ယင်းတို့နှစ်ဦးမှာ အိမ်သို့မပြန်ဘဲ ပတ်သွားနေသည်ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် ၎င်းတို့နှစ်ဦးက အရေးမယူရန်နှင့် ဆုံးမပြစ်ဒဏ်ပေးရန် တောင်းဆိုသဖြင့် တစ်ချက်စီတုတ်ဖြင့် ရိုက်ကာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
