အားပျော့လာသည့် အာဆီယံကုန်ထုတ်လုပ်မှု
တတိယသုံးလပတ်ကို အားကောင်းစွာ ပြီးဆုံးခဲ့သည့်နောက်မှာ အာဆီယံထုတ်လုပ်ရေးကုမ္ပဏီများ၏ ထုတ်လုပ်မှုအားပျော့လာခဲ့ကြောင်း S&P Global PMI နောက်ဆုံးရ ဒေတာက ထောက်ပြနေသည်။
စက်တင်ဘာတွင် ၅၃ ဒသမ ၃ ရှိခဲ့ရာမှ အော က်တိုဘာတွင် ၅၁ ဒသမ ၆ အထိကျဆင်းသွားသည့် အဓိကအကျဆုံးPMI မှာ ၂၀၂၁ အောက်တိုဘာမှစပြီး လက်ရှိတိုးတက်ထုတ်လုပ်မှုအစဉ် စတင်ကတည်းကစ၍ ဒေသအတွင်း ထုတ်လုပ်မှုအခြေအနေများတွင် အနှေးဆုံးတိုးတက်မှုကို အချက်ပြနေသည်ဟု သိရသည်။
S&P Global အာဆီယံထုတ်လုပ်မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ မှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့်အဖွဲ့ များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့် ဖြေကြားချက်များအပေါ် အခြေခံပြီး S&P Global က တွက်ချက်ကြောင်း သိရ သည်။
အဓိကအကျဆုံးကိန်းဂဏန်းမှာ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း Purchasing Manager’s Index ဖြစ် သည်။ PMI မှာ အောက်ပါအညွှန်းငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်းဖြစ် သည်။ အော်ဒါသစ်များ(ရာခိုင်နှုန်း ၃၀ )၊ထုတ်လုပ်မှု(၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ(ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ပေးသွင်းမှု ကြာမြင့်ချိန်များ(၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင် ထားသည့်ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) ဖြစ် သည်။
အာဆီယံတွင် နိုင်ငံအများစုမှာ အောက် တိုဘာတွင် ၎င်းတို့၏ကုန်ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်း တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ ကြပြီး မြန်မာနှင့်မလေးရှားတို့သာ ခြွင်းချက်အ ဖြစ် ရှိနေခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထား သည်။
အာဆီယံကုန်ထုတ်လုပ်မှု PMI ဒေတာ ကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က “နောက်ဆုံး PMIဒေတာက အာ ဆီယံကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းမှာ တိုး တက်ထုတ်လုပ်မှုနှုန်း အရှိန်ကျလာနေတာ ကို အချက်ပြနေပါတယ်။ ၁၃ လကြာပြီဖြစ်တဲ့ တိုးချဲ့ထုတ်လုပ်မှုမှာ လုပ်ကိုင်မှုအခြေအနေ များ အနှေးဆုံးနှုန်းနဲ့ တိုးတက်လာခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှုအတွက်ရော အော်ဒါအသစ် များအတွက်ပါ အားပျော့တဲ့ဦးမော့မှုကို တွေ့ ရပါတယ်။ ထုတ်လုပ်မှုပမာဏ တိုးလာမြဲတိုး လာနေသော်လည်း စက်ရုံအော်ဒါတွေ တိုးရ လာမှုကတော့ အောက်တိုဘာမှာ နှေးလာခဲ့ ပါတယ်” ဟု ပြောကြားခဲ့သည်။
စင်ကာပူသည် ၁၁ လဆက်တိုက်အ ကောင်းဆုံးစွမ်းဆောင်သူအဖြစ် ဆက်လက် ပြသနေခဲ့သည်။ သို့သော် ရာသီအလိုက်ညှိပေး ထားသည့် အဓိကအကျဆုံး PMIမှာ အောက် တိုဘာတွင် ၅၆ ဒသမ ၀ သို့ ကျဆင်းသွား သည်။၎င်းင်း က အားကောင်းသည့် တိုးတက် ထုတ်လုပ်မှု ကို ညွှန်ပြနေသော်လည်း မတ်လ မှစပြီး အားအပျော့ဆုံးလည်း ဖြစ်ခဲ့သည်။
ဖိလစ်ပိုင်သည် အဖွဲ့ဝင်ခုနစ်နိုင်ငံအ ကြား ဒုတိယအမြန်ဆုံးတိုးတက်ထုတ်လုပ်မှု ကို မှတ်တမ်းတင်လိုက်ပြီး အဆင့်ဇယား၏အ ပေါ်ပိုင်းသို့ တက်လှမ်းလိုက်သည်။
အင်ဒိုနီးရှားကုန်ထုတ်လုပ်သူတို့၏ အရှိန်ကျလာပြီး ထိုင်းကုန်ထုတ်လုပ်သူတို့ပါ စက်တင်ဘာထက် ပိုနှေးလာသည့်ဦးမော့မှု ကို မှတ်တမ်းတင်ခဲ့ကြသည်။ လက်တွေ့တွင် တိုးတက်မှုအရှိန် (၅၁ ဒသမ ၆) မှာ ဇန်နဝါရီ လတွင် စတင်ခဲ့သည့် လက်ရှိတိုးတက်ထုတ် လုပ်မှုအစဉ်ထဲတွင် ဒုတိယအားအပျော့ဆုံး ဖြစ်သည်။
ဗီယက်နမ်၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းက တိုးတက်ထုတ်လုပ်မှု(၅၀ ဒသမ ၆) မှာ နှေးကွေးခဲ့သည်။နောက်ဆုံးတိုးတက်မှု မှာ စက်တင်ဘာလထက် နိမ့်ကျသွားရာ ၁၃လ ကြာ လက်ရှိတိုးတက်ထုတ်လုပ်မှုအစဉ်ထဲက အနှေးဆုံးဖြစ်လာသည်။
အခြားနိုင်ငံများကို လေ့လာကြည့်ပါက မလေးရှားနှင့် မြန်မာနိုင်ငံတို့က ဒုတိယလနှင့် ဆဌမမြောက် ကျဆင်းမှုကို အစီရင်ခံခဲ့ကြ သည်။
မလေးရှားကုန်ထုတ်လုပ်ကြသူတို့သည် အောက်တိုဘာတွင် ပိုမြန်သည့်ကျဆင်းမှု(၄၈ဒသမ ၇)ကို မြင်ခဲ့ကြရသည်။ မြန်မာနိုင်ငံအတွက် ရာသီအလိုက် ညှိပေးထားသည့်အညွှန်းကိန်း (၄၅ ဒသမ ၇)မှာ မကြာမီက အနိမ့်ဆုံးဖြစ်ခဲ့သည့် စက်တင်ဘာထက် မြင့်တက်လာခဲ့သော်လည်း စက်မှုကဏ္ဍအခြေအနေ လွန်စွာ ဆုတ်ယုတ် မှုကို ဆက် လက်ပြသနေကြောင်း ဖော်ပြထားသည်။
အောက်တိုဘာလအတွင်း ဝယ်လိုအား အခြေအနေများ တိုးလာသည်နှင့်အမျှ အာ ဆီယံကုန်ထုတ်လုပ်ရေးကုမ္ပဏီများ၏ ထုတ် လုပ်မှုပမဏ တစ်ဟုန်ထိုးတိုးလာခဲ့သည်။သို့ သော်လည်း လုပ်ငန်းအသစ်များ လက်ခံရရှိမှု နောက်ဆုံးဦးမော့လာမှုမှာ ၁၃လကြာ တိုး တက်မှုအစဉ်ထဲတွင် အနှေးဆုံးဖြစ်လာပြီး ခြုံ ကြည့်လျှင် ဒသမဂဏန်းမျှသာ ရှိခဲ့သည်။
ကုန်ကြမ်းပစ္စည်းများနှင့် တစ်ဝက်တစ် ပျက်အချောကိုင်ထားသည့်ကုန်စည်များ ဝယ် ယူမှုပိုနှေးလာခြင်းက လက်ကျန်စာရင်းများ ပမာဏအပေါ် သက်ရောက်ခဲ့သည်။ သိုလှောင် ထားသည့် ထုတ်လုပ်မှုအကြို လက်ကျန်စာ ရင်းများမှာ လေးလအတွင်း ပထမအကြိမ် လျော့ကျသွားရာ အဓိကအကျဆုံး PMI အ ညွှန်းကိန်းအပေါ် အနုတ်လက္ခဏာ သက်ရောက်ခဲ့သည်။
မပြီးစီးဘဲ ကျန်ရစ်ခဲ့သည့်အလုပ်ပမာ ဏများ အသစ်တစ်ဖန်ကျဆင်းမှုကို အာဆီယံ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း မှတ်တမ်း တင်ခဲ့ကြရာ မပြီးဘဲကျန်နေသည့်စာရင်းများ သည် စစ်တမ်း၏လွန်ခဲ့သောလေးလထဲက သုံးလတွင် ကျဆင်းခဲ့သည်။
စျေးနှုန်းများကိုကြည့်လျှင် အာဆီယံဒေ သတွင်း ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ၏ ပျမ်းမျှကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးများမှာ တိုး လာခဲ့ကြောင်း၊ သွင်းကုန်စျေးနှုန်းများ၏ ငွေ ကြေးဖောင်းပွမှုမှာ အရှိန်မြင့်လျက်ရှိနေသော် လည်း လေးလဆက်တိုက် အရှိန်ကျလာခဲ့ရာ ၂၀၂၁ သြဂုတ်လမှစပြီးအနှေးဆုံးဖြစ်လာ ကြောင်း သိရသည်။
အာဆီယံကုန်ထုတ်လုပ်ကြသူတို့က စစ် တမ်း၏နောက်ဆုံးလတွင် တိုးတက်ထုတ်လုပ် မှုနှုန်း အားပျော့လာကြောင်း အစီရင်ခံခဲ့ကြ သော်လည်း အနာဂတ်မျှော်မှန်းချက်များမှာ မြင့်တက်လာခဲ့ပြီး နောက်ဆုံးဒေတာက ၂၀၁၆ ဧပြီမှစပြီး အားအကောင်းဆုံးအကောင်း မြင်မှုကို အချက်ပြနေကြောင်း၊ ပါဝင်ဖြေခဲ့ကြ သူတို့၏အဆိုအရ ဝယ်လိုအားအခြေအနေ များ တိုးတက်လာခြင်းက မျှော်လင့်ချက်ကော င်း များကို အားဖြည့်ပေးခဲ့ကြကြောင်း စစ်တမ်း တွင် ဖော်ပြထားသည်။
■ ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ စွမ်းအင်စျေးနှုန်း မြင့်တက်မှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက ဆက်လက် ဖိစီးနေခဲ့သည့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ
ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ စွမ်းအင်စျေး နှုန်းမြင့်တက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ က မြန်မာ့ထုတ်လုပ်ရေးကဏ္ဍအပေါ် ဆက် လက်ဖိစီးနေခဲ့ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်စွဲဖြင့်ထုတ်ပြန်သည့် S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း များ စစ်တမ်းတွင် ဖော်ပြထားသည်။
“နောက်ဆုံးPMI ဒေတာအရ ဝယ်လို အားအခြေအနေ အားပျော့လာနေပြီး ပစ္စည်း ပေးသွင်းမှုဆိုင်ရာ အခက်အခဲများ ဆက်ရှိနေ သည့်အကြားမှာ မြန်မာထုတ်လုပ်ရေးကဏ္ဍ က ခြောက်လမြောက် ဆက်တိုက်ကျဆင်းမှု ကို အစီရင်ခံခဲ့ကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
S&P Global Market ထံမှ PMI နောက်ဆုံး ဒေတာအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ထုတ် လုပ်ရေးအခြေအနေများသည် စစ်တမ်း၏ နောက်ဆုံးလအတွင်းမှာ ဆက်လက်ဆုတ် ယုတ်လာခဲ့သော်လည်း စက်တင်ဘာလနှင့် စာလျှင် နှုန်းမှာအားပျော့လာခဲ့ကြောင်း သိရသည်။
ထို့ပြင် သွင်းအားစုကုန်ကျစရိတ်နှင့် သွင်းအားစုစျေးနှုန်းနှစ်ရပ်လုံး၏ ငွေကြေး ဖောင်းပွမှုနှုန်းများမှာ စက်တင်ဘာလ၏စံချိန် တင်နှုန်းမှ သိသာစွာအားပျော့လာခဲ့ပြီး နော က်ဆုံးသုံးလပတ်၏အစပိုင်းတွင် ထုတ်လုပ် ရေးကဏ္ဍထဲက ငွေကြေးဖောင်းပွမှုဖိအား ပေးမှုများမှာ အသင့်အတင့်သာရှိခဲ့ခြင်းကို ထောက်ပြနေသည်။
သို့သော်လည်း ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် စွမ်းအင်ပြတ်တောက်မှုများက ထုတ်လုပ်မှုကို ဆက်လက်ထိုးနှက်နေသည့် အ ပြင် စျေးဝယ်များ ရင်ဆိုင်နေကြရသည့် ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် ရောင်းချရေးအခြေအနေမှာ အားပျော့လာ သည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI -ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော တစ်ခုတည်း သောအညွှန်းကိန်းမှာ စက်တင်ဘာလ၏၄၃ ဒသမ ၁ မှ အောက်တိုဘာတွင် ၄၅ ဒသမ ၇ သို့တက်လှမ်းခြင်း က ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အခြေအ နေများ ခြောက်လ ဆက်တိုက် ဆုတ်ယုတ်လျက်ရှိနေခြင်းကို အချက်ပြနေသည်။ သို့သော်လည်း ထုတ်လုပ် ရေးကဏ္ဍသည် ကျဆင်းမှုနယ်မြေထဲ ရှိနေ သည့်တိုင် အောက်တိုဘာတွင် အားပျော့ လာခဲ့သည်။
ကုန်စည်ထုတ်လုပ်သူတို့၏ ထုတ်လုပ်မှု ပမာဏများသည် သုံးလအတွင်း အနှေးဆုံးအ ရှိန်ဖြင့် ကျဆင်းလာသည်။ အလားတူ အော် ဒါရရှိမှု လျော့နည်းလာမှုအရှိန်ပါ အောက်တို ဘာတွင် အားပျော့သွားခဲ့သည်။
“အဲဒီလိုပြောလိုက်ရပေမဲ့ ယခုလရဲ့ ကျ ဆင်းမှုနှုန်းမှာ အားပျော့သွားတယ်။ အောက် တိုဘာလမှာ ထုတ်လုပ်မှုရော အော်ဒါအသစ် များပါ ကျဆင်းခဲ့တဲ့နှုန်းတွေကို မှတ်တမ်း တင် ခဲ့ပါတယ်။ ဒါ့အပြင် သွင်းအားစု ကုန်ကျ စရိတ်များနဲ့ ရောင်းစျေးနှုန်းများရဲ့ငွေကြေး ဖောင်းပွမှုကပါ သိသိသာသာအရှိန်ကျလာ ကြောင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပစ္စည်း ပေးသွင်းရေး ကွင်းဆင်းများထဲက ဖိအားပေး မှုများပါ အားပျော့လာခဲ့ကြကာ ပစ္စည်းပေး သွင်းမှုပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာမှု က ရှစ်လအတွင်း အနည်းဆုံးဖြစ်ပါတယ်” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
ဆက်လက်လေ့လာကြည့်ပါက စီးပွား ရေး လိုအပ်ချက်များ ဆိုးရွားလာနေချိန်တွင် လက်ရှိလေးလဆက်တိုက် ကျဆင်းမှုအစဉ်ထဲ တွင် အောက်တိုဘာလ၏အလုပ်နေရာ ဖြတ် တောက်မှုနှုန်းမှာ အမြန်ဆုံးဖြစ်လာကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေကာမူ ပစ္စည်းပြတ်လပ် မှုများနှင့် ကြန့်ကြာမှုများရှိမြဲရှိနေခြင်းက စစ် တမ်း၏နောက်ဆုံးလအတွင်း လက်ကျန်အ လုပ်များ မကြုံစဖူးနှုန်းဖြင့် ဆက်လက်မြင့် တက်လာစေကြောင်း၊ ရာသီအလိုက် ညှိပေး ထားသည့်သက်ဆိုင်ရာအညွှန်းကိန်းမှာ သုံး လဆက်တိုက်မြင့်တက်လာခဲ့ပြီး အောက်တို ဘာတွင် စစ်တမ်းစံချိန်သစ်တင်ခဲ့သည်။
ငွေကြေးဖောင်းပွမှုဖိအားပေးမှုများ သိ သိသာသာအားပျော့လာမှုမှာ ထုတ်လုပ်ရေး ကဏ္ဍအတွက် အားတက်စရာအချက်ဖြစ်သ ည်။ လွန်ခဲ့သည့်လတွင် မြင်ခဲ့ရသည့်စံချိန်တင် နှုန်း၏နောက်ပိုင်းတွင် သွင်းအားစုစျေးနှုန်း များနှင့်စက်ရုံရောင်းစျေးများ၏ ငွေကြေးဖော င်းပွမှုမှာ သင့်တင့်သည့်နှုန်းများဆီသို့ အား ပျော့သွားခဲ့သည်။ ရာသီအလိုက် ညှိပေးထား သည့်သွင်းအားစုစျေးနှုန်းအညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှစပြီးအနိမ့်ဆုံးသို့ ထိုးကျသွားသည်။ တစ်ချိန်တည်းမှာပင် ထုတ် လုပ်ရေးကုမ္ပဏီများက တောင်းဆိုကြသည့် ရောင်းစျေးများသည်လည်း လ ၂ဝအတွင်း အားအပျော့ဆုံးအရှိန်ဖြင့် မြင့်တက်လာခဲ့ သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ထုတ်လုပ်ရေးကဏ္ဍ ဟာ ဆက်လက်ပြီး အားကောင်းတဲ့ဘက်စုံ ကျဆင်းမှုကို အစီရင်ခံခဲ့ပါတယ်။ ဖြည့်စွက် ပြောချင်တာက ထုတ်လုပ်မှုရဲ့အနာဂတ်ဟာ မရေမရာရှိနေတုန်းပါ။ ဒေါ်လာအတွက် ကျပ် ငွေရဲ့တန်ဖိုးကျဆင်းလာမှု၊ စွမ်းအင်စျေးနှုန်း တွေ မြင့်တက်လျက်ရှိနေတာ၊ ပစ္စည်းပေးသွင်း ရေးကွင်းဆက်တွေထဲက ဖိအားပေးမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက ထုတ်လုပ်ရေး ကဏ္ဍအပေါ်မှာ ဆက်လက်ဖိစီးမြဲဖိစီးနေကြ ဦးမှာပါ” ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
