ကိုဗစ် (COVID-19) ကြောင့် ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်း ၂၅ ရာခိုင်နှုန်းအထိ များခဲ့တယ်လို့အမေရိကန်အစိုးရမှတ်တမ်းရုံးရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ထုတ်ပြန်တဲ့အချက်အလက်တွေကိုရယူကာ လေ့လာမှုပြုလုပ်ခဲ့ကြရာမှာ အဆိုပါကိုဗစ်ကာလအပိုင်းအခြားအတွင်း ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်း ၂၅ ရာခိုင်နှုန်းဟာ ကိုဗစ်(COVID-19)ကြောင့်သေဆုံးခဲ့ရပါတယ်။
ကပ်ရောဂါမတိုင်မီ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်းက လစဉ် (၅၀-၆၀) အတွင်းရှိနေခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီမှ၂၀၂၁ ခုနှစ်ဒီဇင်ဘာအကြား ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု လစဉ် ၈၅ ရာခိုင်နှုန်းခန့်အထိ တိုးမြင့်သွားခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုထဲမှာလူဖြူအမျိုးသမီးတွေနဲ့ လက်တင်အမေရိကအမျိုးသမီးတွေထက်စာရင်လူမည်း(သို့မဟုတ်) အာဖရိကန်အမေရိကန်အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုထဲမှာ ပိုမိုများပြားတာကိုတွေ့ရတယ်လို့လည်းဆိုပါတယ်။
အလုံးစုံခြုံငုံမှုအရဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေထဲမှာအမေရိကန်က ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေတယ်လို့သိရပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ကိုဗစ်ကာကွယ်ဆေးအာနိသင်ထိရောက်မှုကိုမြှင့်တင်ပေးနိုင်တယ်ဆိုပါတယ်။ ကိုဗစ်ကွယ်ဆေးရဲ့အကျိုးအာနိသင်ကိုမြှင့်တင်ပေးနိုင်တယ်လို့လေ့လာမှုအရဆိုပါတယ်။ အသက်အရွယ်ပြည့်ပြီးသူများမှာ လေ့ကျင့်ခန်းအနည်းအကျဉ်းပုံမှန်လုပ်ပြီး ကာကွယ်ဆေးနှစ်လုံးထိုးနှံပြီးစီးထားရင်ရောဂါကြောင့်ဆေးရုံတက်ကုသရနိုင်ခြေ ၆၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့တောင်အာဖရိကသုတေသီတွေကဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို အသင့်အတင့်လုပ်ပေးနေတဲ့သူတွေ ကာကွယ်ဆေးထိုးမှုပြီးစီးတဲ့အခါကိုဗစ် (COVID-19) ကြောင့်ဆေးရုံတက်ကုသရနိုင်ခြေ ၇၂ ရာခိုင်နှုန်းအထိလျော့ကျနိုင်ပြီးကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်နေသူတွေ ကာကွယ်ဆေးထိုးပြီးချိန်မှာ ဆေးရုံတက်ကုသရနိုင်ခြေ ၈၆ ရာခိုင်နှုန်းအထိလျော့ကျနိုင်တယ်လို့တောင်အာဖရိကဂျိုဟန်နက်ဘက်မြို့(Discovery Health)ဌာနရဲ့ကျန်းမာရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာရေးပညာရှင်အကြီးအကဲဒေါက်တာရှာလီကိုလိကပြောကြားခဲ့ပါတယ်။
အသက် ၁၈ နှစ်နဲ့အထက်ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းဦးရေ ၂၀၀၀၀၀ နီးပါးမှာ ကျန်းမာရေးစောင့်ကြည့်ကိရိယာတွေဝတ်ဆင်ထားစေကာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးတာနဲ့ ကာကွယ်ဆေးထိရောက်မှုကိုဆက်စပ်လေ့လာခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန်မိနစ် ၆၀ အောက်ရှိသူတွေလေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်သူတွေ၊ မိနစ် ၁၅၀ အထက်မနည်းပြုသူတွေ၊ တက်တက်ကြွကြွလေ့ကျင့်သူတွေအဖြစ်သတ်မှတ်ပြီးနှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်သတင်းအရ ကိုဗစ်ကာကွယ်ဆေးများဟာ အမျိုးသမီးများကိုဓမ္မတာပြဿနာများဖြစ်နိုင်ဖွယ်ရှိတယ်လို့ကျွမ်းကျင်သူများသတိပေးခဲ့ကြပါတယ်။ ဥရောပဆေးဝါးအေဂျင်စီ (EMA-Euroup Medical Agency) က သတိပေးပြောခဲ့တာဖြစ်ပြီး အဆိုပါအချက်ကိုအလားအလာရှိတဲ့ဘေးထွက်ဆိုးကျိုးစာရင်းမှာ ထည့်သွင်းထားဖို့အကြံပြုထားတယ်။ "ဖိုင်ဇာ (Pfizer) ရဲ့ကွန်မယ်နတီ (Cominaty) ကာကွယ်ဆေးနဲ့မိုဒါးနာ(Moderna)ရဲ့စပိုင်ဗက်(Spivax)ကာကွယ်ဆေးများကိုပထမ၊ ဒုတိယနဲ့ ထပ်တိုးကာကွယ်ဆေးအဖြစ်ထိုးနှံအပြီး အမျိုးသမီးတွေဓမ္မတာသွေးဆင်းများတဲ့ကိစ္စတွေရှိတယ်ဆိုတဲ့သတင်းတွေရရှိထားပါတယ်"လို့ဆေးဝါးဘေးကင်းလုံခြုံရေးကော်မတီကေ ပြာကြားချက်ကို ကိုးကားကာအေဂျင်စီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးတွေရဲ့ကောင်းကျိုးဟာ ဆိုးကျိုးတွေထက်ပိုပြီးအလေးသာနေပါတယ်" လို့ဘေးကင်းလုံခြုံရေးကော်မတီကအလေးပေးပြောကြားခဲ့ပါတယ်။ အချက်အလက်မှာ စိစစ်သုံးသပ်ပြီး ဓမ္မတာသွေးဆင်းများရခြင်းဟာ ကိုဗစ်ကာကွယ်ဆေးနဲ့ဆက်နွှယ်ကြောင်းကျိုးကြောင်းဆီလျော်စွာဖြစ်နိုင်ခြေအနည်းဆုံးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ အဆိုပါဘေးထွက်ဆိုးကျိုးက အမ်အာအင်အေ (mRNA) ကာကွယ်ဆေးနှစ်မျိုးရဲ့ထုတ်ကုန်သတင်းအချက်အလက်မှာထည့်သွင်းဖို့(EMA)က အကြံပြုထားပါတယ်။ "အချို့လူတွေမှာခံစားရတဲ့ ရာသီမမှန်တာဟာမျိုးပွားမှုနဲ့မျိုးအောင်မှုတွေအပေါ်တစ်စုံတစ်ရာသက်ရောက်မှုရှိတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး" လို့ ဆိုပါတယ်။
ဟောင်ကောင်ဘဏ္ဍာရေးအကြီးအကဲဟာ ကိုဗစ် (COVID-19) ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့အောက်တိုဘာ ၂၇ ရက်ကထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ဟောင်ကောင်မှာပြုလုပ်မယ့် ကမ္ဘာ့ဘဏ်လုပ်ငန်းဆိုင်ရာထိပ်သီးအစည်းအဝေးကိုလွဲချော်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ ယခင်ကသီးခြားဖြစ်နေတဲ့ဟောင်ကောင်ဟာစီးပွားရေးအတွက်ပွင့်လင်းကြောင်းပြသဖို့မြို့တော်အာဏာပိုင်များကနိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာအစည်းအဝေးအတွက်စိတ်အားထက်သန်နေကာအတွင်းဝန်ပေါလ်ချန်းကအဖွဲ့ဝင်(၂၀၀)ခန့်နဲ့အဓိကဘဏ္ဍာရေးအဖွဲ့အစည်း(၃၀)ခန့်တတ်ရောက်မယ့်ညီလာခံမှာမိန့်ခွန်းပြောဖို့စီစဉ်ထားရာဆော်ဒီအာရေဗျနိုင်ငံရီးယက်မြို့မှာကိုဗစ်ကူးစက်ခံနေရတယ်။
တရုတ်နိုင်ငံတိဘက်မြို့တော်"လာဆာ"မှာကိုဗစ်ကန့်သတ်ချက်စည်းမျဉ်းများကိုဆန့်ကျင်တဲ့အနေနဲ့လူပေါင်းရာချီကာလမ်းများပေါ်ကန့်ကွက်ဆန္ဒပြခဲ့ပြီးတင်းကျပ်တဲ့ထိန်းချုပ်ဒေသမှာရှားပါးဆန္ဒပြမှုပဲဖြစ်တယ်။"လာဆာ"မြို့တော်ဟာတရုတ်ရဲ့ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာအတိုင်းလိုက်နာကျင့်သုံးမှုအရသုံးလနီးပါးကြာလော့ဒေါင်း(Lockdown)ချထားတယ်။လာဆာ၊ရှန်ကျန်းနဲ့ရှန်ဟိုင်းလိုမြို့ကြီးများမှာလော့ဒေါင်းကြောင့်ရှားပါးဆန္ဒပြမှုများကိုဖြစ်စေတဲ့အဆိုပါစည်းကမ်းချက်များဟာကွာရင်တင်း(Q-Quarintine)အဆောက်အဦးများအများအပြားမှာအစားအစာပြတ်လပ်မှုနဲ့အခြေခံလိုအပ်ချက်အားနည်းတဲ့အချက်အဖြစ်ကြုံတွေ့စေတယ်လို့ညီးညူမှုများထွက်ပေါ်
ခဲ့ပါတယ်။ ဒိုရင်း (Douyin) လူမှုမီဒီယာမှာ ဟန်တရုတ်လူမျိုးများ ရွှေ့ပြောင်းလုပ်သားအများစုဖြစ်ပုံရတဲ့ ရာနဲ့ချီတဲ့လူတွေဟာလာဆာမြို့တော်မှာ အောက်တိုဘာ၂၆ ရက်က လမ်းများမှာ ဆန္ဒပြခဲ့ပြီး နေအိမ်ပြန်ခွင့်ပေးဖို့တောင်းဆိုနေတဲ့ဗီဒီယိုများမျှဝေခဲ့ပါတယ်။ လူမှုမီဒီယာကနေ အလျင်အမြန်ဖယ်ရှားခံခဲ့ကြရတယ်။
အောက်တိုဘာ ၃၀ ရက်သတင်းအရ ရုရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ ၆၈၀၃ ဦးထပ်မံတွေ့ရှိခဲ့ရာ တစ်နိုင်ငံကူးစက်သူ၂၁၄၂၃၇၂၅ ဦးရှိခဲ့ပြီး ၇၅ ဦးထပ်မံသေဆုံးခဲ့လို့သေဆုံးသူပေါင်း ၃၉၀၁၀၄ ဦးရှိလာကြောင်းဆိုပါတယ်။ မော်စကိုမြို့တော်ဟာ ကိုဗစ်(COVID-19)ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ ၇၃၀ ဦးထပ်မံတွေ့ရှိခဲ့လို့ ကူးစက်ခံရသူ ၃၂၃၀၂၈၈ ဦးရှိကြောင်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာအောက်တိုဘာ ၂၉ ရက်တစ်ရက်တာကိုဗစ်ကူးစက်မှုကြောင့် ၃၈ ဦးသေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၆၄၀၃၃ ဦးရှိလာကြောင်း၊တစ်ရက်အတွင်းရောဂါကူးစက်ခံရသူ ၁၃၇၀ ဦးထပ်မံတွေ့လို့ ကူးစက်ခံရသူပေါင်း ၄၀၀၃၄၅၉ ဦးရှိကြောင်း၊ လက်ရှိပိုးတွေ့ဆဲလူနာ ၂၀၈၂၄ ဦးရှိကြောင်းမနီလာမြို့တော်မှာ ရောဂါထပ်မံကူးစက်သူ ၃၂၉ ဦးရှိပြီး မနီလာမှာ ရောဂါကူးစက်ခံရသူပေါင်း ၁၂၈၅၃၅၁ ဦးရှိကြောင်းဆိုပါတယ်။ လက်ရှိဖိလစ်ပိုင်ပြည်သူ ၇၃ ဒသမ၅ သန်းကျော် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ၃၂ ဒသမ ၅ သန်းကျော် ကိုဗစ်စစ်ခဲ့တယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်အထိ ကမ္ဘာပေါ်မှာကိုဗစ်ဖြစ်ပွါးမှု ၆၃၆ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၅၉ သန်းရှိပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ၆၃၁၇၁၆ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၈၂ ဦးရှိခဲ့ပြီးဖြစ်ပါတယ်။
ကိုဗစ်ကြီးကကမ္ဘာမြေပေါ်မှာ(၄-၅)နှစ်ကြာမြင့်ဦးမှာဆိုတော့ လူတိုင်းကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး နှစ်ကြိမ်နဲ့ထပ်ဆင့်ထိုးနှံမယ့်အချိန်ရောက်တိုင်းထိုးနှံပေးကြဖို့လိုပါတယ်။ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း (Surgical Mask) တပ်ခြင်း၊ လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်းနှင့် လေဝင်လေထွက်ကောင်းအောင်စီစဉ်ခြင်းတို့ လိုက်နာသင့်ပါတယ်။
ကလေးငယ်များ(၅-၁၈) နှစ်အုပ်စုကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။ ဖိုင်ဇာနဲ့ မိုဒါးနာကုမ္ပဏီတို့ကအသက်ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်များ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖို့ (FDA) ထံ တင်ပြထားပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
