နိုင်ငံရေးသိပ္ပံနှင့် အသုံးချနိုင်ငံရေးသိပ္ပံ ကျွမ်းကျင်မှုများကို အချိန်တိုအတွင်း “အနီးဆုံးလမ်းတိုများ“ (Shortcuts) များဖြင့် စနစ်တကျ အလျင်အမြန် လေ့လာရန် နည်းလမ်းအမျိုးမျိုးကို မတူညီသောအင်အားစုများနှင့် ဝါဒဂိုဏ်းများက မတူညီကွဲပြားသောနည်းလမ်းအမျိုးမျိုးဖြင့် ထူထောင်လေ့ကျင့်သင်တန်းပေးတတ်ကြသည်။
မည်သည့်အင်အားစု၊ မည်သည့်ဝါဒဂိုဏ်း၏ နည်းလမ်းများဖြင့်ဖြစ်စေ၊ နိုင်ငံရေးသိပ္ပံကို လေ့လာမည့်သူများအတွက် တိုက်ရိုက်နိုင်ငံရေးသိပ္ပံမဟုတ်သော်လည်း၊ နိုင်ငံရေးသိပ္ပံများကို စနစ်တကျအဆင့်အတန်းမြင့်မားစွာ ကျွမ်းကျင်နားလည်လာစေရန် မဖြစ်မနေလိုအပ်နေသော အခြားသော လူမှုသိပ္ပံပညာများ (Social Sciences) နှင့် စီးပွားရေးပညာ (Economics) အခြေခံများကို စနစ်တကျမိမိဘာသာကြိုတင်လေ့လာဖတ်ရှုထားရန် Self-Study နှင့် Self-Learning ကြိုတင် ပြုလုပ်ထားရန် မဖြစ်မနေလိုအပ်နေသည်။
“အမြဲတမ်း အချိန်လုံလောက်သည် “
မြန်မာနိုင်ငံတွင် ခေတ်ကာလများအားလုံးနီးပါးတိုင်း၌ များစွာသော သူတို့က နိုင်ငံရေးသိပ္ပံနှင့် အခြားလူမှုသိပ္ပံများကို စနစ်တကျ လေ့လာသင်ယူရန် ယခု ဖြစ်စဉ်အတွင်း မိမိတို့အနေဖြင့် “လုံးဝ အချိန်မမီတော့၊ အချိန်မလုံလောက်တော့၊ ယခုဖြစ်စဉ်သည် အဆုံးစွန် ပြီးဆုံးခါနီးနေပြီ“ ဟု မျိုးဆက်ခေတ်တိုင်းတွင် ထင်မှတ်မှားခဲ့ကြသည်မှာ အကြိမ်ကြိမ်ဖြစ်သည်။
ထိုသူတို့ မျှော်မှန်းထားသောအရာများ အမှန်တကယ်ဖြစ်ပေါ်မလာခဲ့ဘဲ နိုင်ငံရေးသိပ္ပံပညာနဲ့ အခြားသောလူမှုသိပ္ပံပညာများကို စနစ်တကျ အချိန်ယူ လေ့လာသင်ယူမှုပြုလုပ်ရန် အခွင့်အရေးများနှင့် အချိန်ကာလများကို သူတို့အနေဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရခြင်းများသာ အသားတင်ကျန်ရစ်ခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း လတ်တလောနှင့် အနာဂတ်တွင်လည်း အချိန်မမီတော့ဟု ထင်မြင်ယူဆသူတိုင်းအနေဖြင့် အလားတူ အချိန်ကာလနှင့် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရခြင်းများ ဆက်လက်ဖြစ်ပွားနေကြဦးမည်မှာ သေချာနေသည်။
“နိုင်ငံရေးစာအုပ်များကို အရင်ဆုံး တိုက်ရိုက်စတင်မဖတ်ပါနှင့်“
အထူး အကြံပြုလိုသောအချက်မှာ အခြေခံအုတ်မြစ် (Foundation) အားကောင်းစွာဖြင့် စနစ်တကျ လေ့လာမှုပြုလုပ်လိုသူများအနေဖြင့် နိုင်ငံရေး စာအုပ်များ
ကို တိုက်ရိုက်အရင် စတင်ဖတ်ရှုခြင်းကို မပြုလုပ်မိစေရန် ဖြစ်သည်။
“ကြိုတင်လေ့လာသင့်သော အခြေခံလူမှုသိပ္ပံများ“
အခြေခံအုတ်မြစ် ဖောင်ဒေးရှင်း အားကောင်းခိုင်မာစွာဖြင့် စနစ်တကျအချိန်ယူလေ့လာမှုပြုလုပ်လိုသူများအနေဖြင့် ပညာရေး သို့မဟုတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုခုဖြင့် သင်ယူသည်ဖြစ်စေ၊ မိမိဘာသာ တစ်ဦးချင်းအစီအစဉ်ဖြင့် လေ့လာဖတ်ရှုသည် ဖြစ်စေ၊ အောက်ဖော်ပြပါ လူမှုသိပ္ပံပညာရပ်အချို့အား ပမာဏ မိတ်ဆက်အဆင့် (Introduction Level) သို့မဟုတ် စတင်သင်ယူသူအဆင့် (Beginner Level) သို့မဟုတ် အခြေခံအုတ်မြစ်အဆင့် (Foundation Level) တစ်ရပ်ရပ်အဆင့်အတွင်း မိမိဘာသာအချိန်ယူကာ ကြိုတင်လေ့လာဖတ်ရှုထားရန် လိုအပ်သည်။ စနစ်တကျ အချိန်ယူလေ့လာမှု ပြုလုပ်လိုသူတိုင်းအတွက် အထူးပင် မဖြစ်မနေလိုအပ်သည်။
ယင်းကဲ့သို့ ကြိုတင်လေ့လာထားသင့်သော လူမှုသိပ္ပံနယ်ပယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သမိုင်း စာအုပ်များ
-သဘာဝသမိုင်း၊ လူမှုသမိုင်း၊ စစ်သမိုင်း၊ တီထွင်မှုများနှင့် နည်းပညာသမိုင်း၊ ရှာဖွေတွေ့ရှိမှုများနှင့် သဘာဝသိပ္ပံများသမိုင်း၊ ၂၀ ရာစု ခေတ်သစ် ကမ္ဘာ့သမိုင်း၊ ၂၁ ရာစု ခေတ်ပြိုင် ကမ္ဘာ့သမိုင်း၊
(၂) မနုဿဗေဒ (Anthropology)
-လူမှုမနုဿဗေဒ၊ သဘာဝမနုဿဗေဒ၊ နိုင်ငံရေးမနုဿဗေဒ၊ စီးပွားရေးမနုဿဗေဒ၊ ပညာရေးမနုဿဗေဒ၊
(၃) မက်ခရိုဘောဂဗေဒ (Macro Economics)
-ဈေးကွက်ဘောဂဗေဒ၊ စီမံကိန်း ဘောဂဗေဒ၊ ဆိုရှယ်လစ် ဘောဂဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ (Political Economy)၊ လူမှုရေး ဘောဂဗေဒ (Social Economy)၊ ဓလေ့ယဉ်ကျေးမှု ဘောဂဗေဒ (Cultural Economy)၊ စိမ်းလန်းရေးဘောဂဗေဒ (Green Economy)၊ ရေရှည်ထိန်းသိမ်းဘောဂဗေဒ (Sustainable Economy)၊
(၃) ဒဿနဗေဒ (Philosophy)
-သရုပ်ခွဲ ဒဿနဗေဒ (Analytical Philosophy)၊ အနောက်တိုင်း ဒဿနဗေဒ (Western Philosophy)၊ အရှေ့တိုင်း ဒဿနဗေဒ (Eastern Philosophy)၊ ဒဿနဗေဒ သမိုင်း (History of Philosophy)၊ Philosophy of History (သမိုင်းရေးရာ ဒဿနဗေဒ)၊ သဘာဝတရားဆိုင်ရာ ဒဿနဗေဒ (Philosophy of Nature)၊ သိပ္ပံပညာဆိုင်ရာ ဒဿနဗေဒ (Philosophy of Science)၊ ကိုးကွယ်ယုံကြည်မှုများဆိုင်ရာ ဒဿနဗေဒ (Philosophy of Religions)၊
လူ့အဖွဲ့အစည်းဆိုင်ရာ ဒဿနဗေဒ (Philosophy of Society)၊ ကျင့်ဝတ်ဗေဒ (Ethics)၊ ရှိမှုဗေဒ (Ontology)၊ သိမှုဗေဒ (Epistemology)၊ အသုံးချ ဒဿနဗေဒ (Apply Philosophy)၊
(၄) ဖွံ့ဖြိုးရေးသိပ္ပံများ (Developmental Sciences)
-လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးသိပ္ပံ (Science of Human Resources Development)၊ ပညာရေးသိပ္ပံ (Science of Education)၊ မြို့ပြလူမှုအစုအဝန်း ဖွံ့ဖြိုးရေးသိပ္ပံ (Science of Urban Community Development)၊ ကျေးလက်လူမှုအစုအဝန်းဖွံ့ဖြိုးရေးသိပ္ပံ (Science of Rural Community Development)၊ ရေရှည်ထိန်းဖွံ့ဖြိုးရေးသိပ္ပံ (Science of Sustainable Development)၊ အပြုအမူဖွံ့ဖြိုးမှုသိပ္ပံ (Science of Behavioural Development - စိတ်ပညာ ဘာသာရပ်ခွဲ တစ်ခု) ၊ ဖွံ့ဖြိုးမှုအသုံးချစိတ်ပညာ (Developmental Apply Psychology) နှင့် ဖွံ့ဖြိုးမှု အသုံးချလူမှုဗေဒ (Developmental Apply Sociology)၊ ထိုလူမှုသိပ္ပံပညာများကို အခြေခံအုတ်မြစ်အဆင့် (Foundation Level) သို့မဟုတ် မိတ်ဆက်ပမာဏနိဒါန်းအဆင့် (Introduction Level) တစ်မျိုးမျိုးကို ကြိုတင်လေ့လာပြီးမှ နိုင်ငံရေးသိပ္ပံပညာကို ဆက်လက် လေ့လာမည်ဆိုလျှင် အခြေခံအုတ်မြစ် အားကောင်းခိုင်မာသော၊ စနစ်တကျလေ့လာမှုအဆင့်သို့
အထမြောက်သွားမည်ဖြစ်သည်။
“လေ့လာခြင်း မြန်ဆန်သွားမည် “
ယင်းကဲ့သို့ အခြားလူမှုသိပ္ပံများ၏ အခြေခံများကို ကြိုတင်လေ့လာထားပါက နိုင်ငံရေးသိပ္ပံများကို မိမိဘာသာ တစ်ဦးတည်း လေ့လာဖတ်ရှုခြင်း ပြုလုပ်မည် ဆိုလျှင်ပင် နိုင်ငံရေးသိပ္ပံသည် မိမိအတွက် အချိန်တိုတိုနှင့် လေ့လာဖတ်ရှုရခြင်း မြန်ဆန်သွားမည်ဖြစ်ပြီး ဖတ်ထားသောဘာသာရပ်များကလည်း အပိုဗဟုသုတ သက်သက် မဟုတ်တော့ဘဲ လက်တွေ့လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံးတွင် လက်တွေ့ ပြန်အသုံးချရန် လွယ်ကူသွားမည် ဖြစ်သည်။
“နိုင်ငံရေးသိပ္ပံ၏ အခြေခံဘာသာရပ်ခွဲများ“
နိုင်ငံရေးသိပ္ပံ၏ အခြေခံဘာသာရပ်ခွဲများမှာ အမှန်စင်စစ် အမျိုးအစားများပြားသည်။ သို့သော်လည်း အောက်ဖော်ပြပါ အခြေခံဘာသာရပ်ခွဲများမှာ နိုင်ငံရေးသိပ္ပံကို စနစ်တကျ လေ့လာသင်ယူမှုအတွက် မဖြစ်မနေလိုအပ်သော၊ အရေးကြီးသော အခြေခံဘာသာရပ်ခွဲများဖြစ်သည်။
ယင်းတို့မှာ
(၁) နိုင်ငံရေး သိပ္ပံသမိုင်း (History of Political Science)၊
(၂) နိုင်ငံရေး သမိုင်း (Political History)၊
(၃) နိုင်ငံရေး ပထဝီ (Political Geography)၊
(၄) နိုင်ငံတကာ နိုင်ငံရေး ဥပဒေများ (International Political Laws)၊
(၅) နိုင်ငံတကာ ဖွဲ့စည်းပုံ အခြေခံဥပဒေများ (International Constitutions)၊
(၆) နိုင်ငံရေး ဘောဂဗေဒ (Political Economy)၊
(၇) နိုင်ငံရေး လူမှုဗေဒ (Political Sociology)၊
(၈) နိုင်ငံရေး စိတ်ပညာ (Political Psychology)၊
(၉) နိုင်ငံရေး မနုဿဗေဒ (Political Anthropology)၊
(၁၀) ပြည်သူ့ အုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေး သိပ္ပံ (Science of Public Administration and Management)
(၁၁) နိုင်ငံတကာ နိုင်ငံရေးအဖွဲ့အစည်းများ သမိုင်း (History of International Political Organizations)
(၁၂) နိုင်ငံတကာ ဆက်ဆံရေး (International Relations)
(၁၃) ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး (Global Politics)
(၁၄) နိုင်ငံရေး သဘောတရားပညာ သိပ္ပံ (Science of Political Ideology) နှင့်
(၁၅) နိုင်ငံရေး ဒဿနဗေဒ (Political Philosophy) များ ဖြစ်သည်။
နေအိမ်သုံး အင်တာနက်အသုံးပြုနိုင်ပြီး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အလယ်အလတ်အဆင့်နီးပါးရှိသူများအနေဖြင့် အင်တာနက် Search
Engines တစ်ခုခု ဥပမာ - Google၊ Yahoo၊ MSN စသည်ဖြင့် တစ်ခုခုမှ Free Download PDF Files များကို အင်္ဂလိပ်ဘာသာဖြင့် မိမိဘာသာ ဒေါင်းလုဒ်ရယူကာ
ဖတ်ရှုလေ့လာနိုင်သည်။
Googling လုပ်ရခြင်းထက် ပိုမိုရိုးရှင်းကာ ပိုမိုအကျဉ်းချုပ် တိုတောင်းသော အခြေခံများကို စတင်ဖတ်လိုလျှင် Wikipedia English တွင် အထက်ပါ စကားလုံးများ ရိုက်ထည့်ပြီး ဖတ်ရှုနိုင်သည်။
လုံးဝ အသုံးမပြုသင့်သောလင့်မှာ Wikipedia Myanmar ဘာသာစကား စာမျက်နှာများ ဖြစ်သည်။ ယင်းတို့ကို လုံးဝရှောင်ရှားသင့်သည်။
ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်များ၊ စိတ်ဓာတ်စစ်ဆင်ရေး ရည်ရွယ်ချက်များဖြင့် ရည်ရွယ်ချက်ရှိစွာ တမင် မပြည့်မစုံ၊ မမှန်မကန် လျှောက်ရေးထားသော အသုံးပြုသူများ Users များ၏ လက်ရာများကို Wikipedia Myanmar Version တွင် Wikipedia English Version ထက် များစွာပိုမို ဆိုးရွားစွာ ဖတ်ရှုနေရမည် ဖြစ်သည်။
“မြန်မာဘာသာဖြင့် လေ့လာချင်သူများအတွက်“
မြန်မာဘာသာဖြင့်သာ ဖတ်လိုသူများအတွက် ပုံနှိပ်စာအုပ်များ၊ ပုံနှိပ်စာအုပ်များကို Soft Copies ပြန်ပြောင်းထားသော ဖိုင်များဖြင့် စတင် ဖတ်ရှုနိုင်သည် ။
မြန်မာဘာသာဖြင့်သာ ဖတ်မည်ဆိုလျှင် သတိထားရမည့်အချက်က မြန်မာဘာသာဖြင့်ထွက်ရှိပြီးသား ပုံနှိပ်စာအုပ်များ၊ Soft Copies စာအုပ်များသည် အထက်ပါနိုင်ငံရေးသိပ္ပံကို တိုက်ရိုက်မဖတ်ခင် အရင်ကြိုဖတ်ထားရသင့်သော လူမှုသိပ္ပံပညာများ၏ အခြေခံအုတ်မြစ်အဆင့် (Foundation Level) သို့မဟုတ် မိတ်ဆက်အဆင့် (Introduction Level) အတွက် ဘာသာရပ်ခွဲများတွင် ပညာရပ်နယ်ပယ် အစုံအလင်အတွက် မြန်မာဘာသာဖြင့်အပြင် စာအုပ်ဈေးကွက်မှာ အစုံအလင်မရှိသေးပါ။
“ မြန်မာဘာသာဖြင့် နိုင်ငံရေးဝါဒများ မစုံလင်“
ဥပမာ အားဖြင့် နိုင်ငံရေးတွေးခေါ်မှု သဘောတရားပညာ (Political Ideology) နှင့် နိုင်ငံရေး ဒဿနဗေဒ (Political Philosophy) ပညာရပ်နယ်ပယ်နှစ်ခု အတွက် လက်ရှိ နိုင်ငံတကာ ပင်မရေစီးဝါဒများ ဖြစ်နေကြသော ( လက်ဝဲမှ လက်ယာအထိ) ကွန်မြူနစ်ဝါဒ (Communism)၊ လက်ဝဲသစ် (New Left)၊ ဆိုရှယ်လစ်ဝါဒ (Socialism)၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ (Social-Democratism)၊ ပြည်ချစ်ဝါဒ (Patriotism)၊ အမျိုးသားရေးဝါဒ (Nationalism)၊ အလယ်အလတ်ဝါဒ (Moderatism)၊ စိမ်းလန်းရေးဝါဒ (Ecoism)၊ အစိုးရမဲ့ဝါဒ (Anarchism)၊ လစ်ဘရယ်ဝါဒ (Liberalism)၊ ခေတ်သစ် / နီယိုလစ်ဘရယ်ဝါဒ (Neo-Liberalism)၊ ကွန်ဆားဗေးတစ်ဝါဒ (Conservatism)၊ ခေတ်သစ်/နီယို ကွန်ဆားဗေးတစ်ဝါဒ (Neo-Conservatism)၊ ဘာသာရေးအခြေခံဝါဒ (Religious Fundamentalism)၊ အစရှိသော ခေတ်ပြိုင်နိုင်ငံတကာပင်မရေစီးနိုင်ငံရေးဝါဒ အမျိုးအစားများ၏ အခြေခံအဆင့် သို့မဟုတ် မိတ်ဆက်အဆင့်တွင် မြန်မာဘာသာဖြင့် ပုဂ္ဂလိက ပုံနှိပ်စာအုပ် ဈေးကွက်ထဲအတွင်း ဝါဒများ အစုံအလင်မရှိသေးပါ။ အင်တာနက် Search Engines များတွင်လည်း မြန်မာဘာသာဖြင့် ဖိုင်များ ဝါဒအစုံအလင်မရှိသေးပါ ။
“၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာဘာသာဖြင့်စာအုပ်များ“
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း NGOs, CSOs, CBOs များက ပြည်ပအထောက်အပံ့များဖြင့် နိုင်ငံရေးသိပ္ပံအခြေခံ စာအုပ်အချို့၊ နိုင်ငံရေးဝါဒများ စာအုပ်အချို့ကို ပုံနှိပ်ထုတ်ဝေပြီး ဈေးချိုချိုဖြင့် ရောင်းချ သို့မဟုတ် အခမဲ့ ဖြန့်ဖြူးခြင်းများလုပ်ခဲ့ကြသော်လည်း မူရင်းပြည်ပအလှူရှင်ဒိုနာများက သတ်မှတ်ပေးထားသော စာအုပ်စာရင်းထဲမှသာ ဘာသာပြန်ရခြင်းများ ဖြစ်သောကြောင့် အခြားဝါဒအားလုံးကို နီယိုလစ်ဘရယ်ဝါဒတစ်ခုတည်း၏ ရှုထောင့်မျက်စိဖြင့်သာ တစ်ဖက်သတ် သုံးသပ်ရေးသားဖော်ပြထားကာ ဝါဒအမျိုးအစားများလည်း မစုံလင်သကဲ့သို့ အသုံးပြုထားကြသော ကမ္ဘာ့သမိုင်းအချက်အလက်များကလည်း မမှန်ကန်၊ မပြည့်စုံကြပါ။
ယင်းဝါဒဖြန့်ချိရေးစာအုပ်များတွင် နီယိုလစ်ဘရယ်ဝါဒ၏ စံတန်ဖိုးများသည်သာလျှင် အကောင်းဆုံးနှင့် အကြွင်းမဲ့ ထာဝရအမှန်တရားများ ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်ထားလေ့ရှိပြီး စာအုပ်များ၏ ရည်ရွယ်ချက် အမှန်သည် လစ်ဘရယ်မဟုတ်သော အခြားဝါဒများအားလုံးကို သိမ်းကျုံးသရုပ်ဖျက်၊ ပုံရိပ်ဖျက်ထိုးနှက် ရေးသားထားခြင်းများကသာ အဓိက ဖြစ်နေကြသည်။ တကယ့် ပညာရပ်ပီသသောစာအုပ်များ မဟုတ်ပါ။
“အိမ်နီးချင်းနိုင်ငံများ“
အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင်မူ ဝါဒပေါင်းစုံ မိတ်ဆက်စာအုပ်များကို လက်ဝဲ၊ လက်ယာဘက်အသီးသီးက ထုတ်ဝေပုံနှိပ်ထားခြင်းများ အမျိုးအစား ပိုမို စုံလင်သည်။
အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း လက်ဝဲ၊ လက်ယာနိုင်ငံရေး ဘောဂဗေဒ (Political Economy) ပိုင်း သီအိုရီနှင့် သဘောတရားရေးဝါဒ အသီးသီးကိုပုံနှိပ်ထုတ်ဝေထားခြင်းများက အမျိုးအစား စုံလင်သည်။
မြန်မာနိုင်ငံတွင်မူ စာအုပ်တိုက်များက ဘာသာပြန်စာရေးဆရာများကိုပေးနိုင်သော အခကြေးငွေမှာ နည်းပါးလွန်းသောကြောင့် ရေးပေးရန် အရည်အချင်းရှိသူများစွာသည် INGOs နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ Agencies များထံသို့ အလုပ်ဝင်သွားလေ့ရှိခဲ့ကြပြီး အရည်အသွေးမြင့်မားသော ဝါဒပေါင်းစုံ မိတ်ဆက်စာအုပ်များကို မြန်မာပြည် ပုဂ္ဂလိကပုံနှိပ်စာအုပ် ဈေးကွက်အတွင်း ထွက်ပေါ်လာရန် လောလောဆယ်မလွယ်ကူသေးပါ။
“လတ်တလော စာအုပ်ဈေးကွက်အလားအလာ“
လတ်တလောတွင် စက္ကူဈေးများ အလွန်မြင့်နေသဖြင့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများအတွက် စာအုပ်အသစ်များ ပုံနှိပ်ထုတ်ဝေနိုင်ရန် အခက်အခဲများစွာ ရှိနေသည်။ နိုင်ငံတကာ နိုင်ငံရေးဝါဒ အမျိုးအစားများအားလုံးကို သမာသမတ်ကျစွာ၊ ပညာရှင် ပီသစွာဖြင့် အစုံအလင် ရေးသားတင်ပြမိတ်ဆက်ပေးထားသော မြန်မာဘာသာ ပုံနှိပ်စာအုပ်များကို မြန်မာပြည်တွင်း ပုဂ္ဂလိက စာအုပ်တိုက်များမှ ထုတ်ဝေသော မိတ်ဆက် အဆင့် (Introduction Level)၊ အခြေခံအုတ်မြစ် အဆင့် (Foundation Level)၊ အလယ်အလတ် အဆင့် (Intermediate Level)၊ အဆင့်မြင့် အဆင့် (Advanced Level)၊ ကျွမ်းကျင်သူ အဆင့် (Professional Level) နှင့် ပညာရှင်အဆင့် (Academic Level) နိုင်ငံရေးသိပ္ပံ စာအုပ်များအနေဖြင့် မြန်မာပုဂ္ဂလိက စာအုပ်ဈေးကွက်အတွင်း အဆင့်အစုံအလင်၊ အထူးပြုဘာသာရပ်ခွဲများ အစုံအလင်ဖြင့် ပေါ်ထွက်လာရန် လတ်တလောကာလနှင့် နှစ်တိုကာလအတွင်း ဘယ်လိုမှ မလွယ်ကူသေးပါ။
နိုင်ငံရေးသိပ္ပံကို နိုင်ငံတကာ ပညာရှင်အဆင့်အထိ ဆက်လက်လေ့လာလိုက်စားရန် ရည်ရွယ်ချက်ရှိသူများ အနေဖြင့် (၁) ခေတ်ပြိုင် ဗြိတိန်နိုင်ငံသုံး အင်္ဂလိပ် ဘာသာစကား (British English) နှင့် (၂) ခေတ်ပြိုင် ဥရောပ ဩစထရီးယားနိုင်ငံသုံး ဂျာမန်ဘာသာစကား (Austrian German) ဘာသာစကားများကို ဆက်လက် လေ့လာ လိုက်စားရန် အကြံပြုလိုက်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
