တောင်ကိုရီးယားတွင် နှစ်ရက်ဆက်တိုက် နှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လူလေးဦး သေဆုံး
တောင်ကိုရီးယားတွင် နိုဝင်ဘာ ၂၈ရက်က နှစ်ရက်ဆက်တိုက် နှင်းထူထပ်စွာကျဆင်းသည့်အတွက် လူလေးဦးသေဆုံးခဲ့ကာနှင်းကျ ဆင်းမှုအခြေအနေ လျော့နည်းလာကြောင်း လက္ခဏာများရှိသော်လည်း လေကြောင်းခရီးစဉ်ရာချီနှင့် ကူးတို့သင်္ဘောပြေးဆွဲမှုများကို ဆိုင်းငံ့ခဲ့သည်။
ဆိုးလ်မြို့တော်တွင်ယခုနှစ် ဆောင်းရာသီနှင်းထူထပ်စွာကျဆင်းမှုသည် မှတ်တမ်းစတင်ကောက်ယူသည့် ၁၉၀၇ ခုနှစ်နောက်ပိုင်း တတိယမြောက် အပြင်းထန်ဆုံးဖြစ်ကြောင်း ယွန်ဟတ်သတင်းတွင်ဖော်ပြခဲ့ သည်။ ဆိုးလ်မြို့တော်၏ နေရာအချို့တွင်နိုဝင်ဘာ ၂၈ ရက်နံနက် ၈ နာရီအချိန်တွင်နှင်းထုသည် ၄၀ စင်တီမီတာကျော်ရှိသည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီအချိန်တွင်မြို့ တော်၏နေရာအချို့တွင် နှင်းထူထပ်စွာကျ ဆင်းမှုသတိပေးချက်များကို မိုးလေဝသတာဝန်ရှိသူများက ရုပ်သိမ်းခဲ့သော်လည်းလေကြောင်းခရီးစဉ် ၁၄၀ ကျော်ကို ဖျက်သိမ်းခဲ့သည်။
နိုဝင်ဘာ ၂၇ ရက်က ဂေါက်ကွင်းတစ်ခုတွင် နှင်းထုဖုံးလွှမ်းနေသောပိုက်ကွန်တစ်ခုပြိုကျပြီး လူတစ်ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရခဲ့သည်။ကားပါကင်တစ်ခုတွင်အလား တူမတော်တဆမှုကြောင့် နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်။အဝေးပြေးလမ်းမပေါ်တွင် နိုဝင်ဘာ ၂၇ ရက်က မော်တော်ယာဉ် ၅၃စီး ဆင့်တိုက်ခဲ့ပြီး လူနှစ်ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
