FIFPro Player Impact ဆုကို အိုနာနာ ရရှိ
24htopnews | November 29, 2024 5:12 AM CST
မန်ယူဂိုးသမား အိုနာနာသည် ပရဟိတလုပ်ဆောင်မှုများကြောင့် FIFPro Player Impact ဆုကို ရရှိခဲ့ကြောင်း သိရသည်။
အိုနာနာ(၂၈ နှစ်)သည် မွေးရပ်မြေ ကင်မရွန်းတွင် အန်ဒရေအိုနာနာ Foundation ကို တည်ထောင်ကာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကင်မရွန်းမှ ဆင်းရဲသည့်မိသားစုများကို အခမဲ့ဆေးကုသမှုများ၊ ခွဲစိတ်ကုသမှုများ ခံယူနိုင်ရန် ကူညီခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် အိုနာနာအနေဖြင့် FIFPro Player Impact ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
အိုနာနာက မိမိ၏ကစားသမားဘဝတစ်လျှောက် အခြားသူများ၏ အကူအညီကို ရခဲ့ကြောင်း၊ ယင်းအတွက် မိမိအနေဖြင့် လူများကို ပြန်လည်ကူညီပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
