စစ်ကြောင့်ဖြစ်ရသော ဆိုးကျိုးများ ထပ်မံမဖြစ်ပွားစေရေးအတွက် တစ်တိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲပြီး တိုင်းပြည်၏ ပြဿနာများကို စားပွဲပေါ်တွင် အဖြေရှာနိုင်ရန်အတွက် သက်ဆိုင်သူများအားလုံးမှ အစွန်းကုန်ကြိုးပမ်းကြရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တိုက်တွန်းထားသည်။
ALP မှ ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် မောင်နိုင်စိုး (၇ နှစ်) ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ယင်းတိုက်တွန်းချက်အား ထည့်သွင်းထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ အဖဦးကျော်ကျော်နိုင်၏သား အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးသည် လက်နက်ကြီး ကျည်ထိမှန်ပြီး ရန်ကုန်သို့ ဆေးကုသရန် သယ်ဆောင်စဉ် ဇန်နဝါရီ ၂၈ ရက်ညနေပိုင်း ကျောက်တော်မြို့အနီး၌ ကွယ်လွန်ခဲ့သည့် ဖြစ်ရပ်ကြောင့် မိသားစုနှင့်ထပ်တူများစွာ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွားနေသောစစ်ကြောင့် လူဦးရေ ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်လျက်ရှိပြီး ရခိုင်ပြည်အတွင်း စစ်ကြောင့်ထိခိုက်ဒဏ်ရာရမှုများ နှင့် နောက်ဆက်တွဲပြဿနာများပါ တိုးပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ALP သည် လက်ရှိတွင် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နေသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP ) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းကာ ၂၀၁၂ ဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ALP အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးထားသည်။
အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အသက်ခုနစ်နှစ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း UNICEF Myanmar မှ ဇန်နဝါရီ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ သမီးလှကျေးရွာအနီး ရခိုင် AA နှင့် တပ်မတော်အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခတ်မှုအတွင်း အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိပြီး အသက်ဆုံးရှုံးသွားသည့်အတွက် ယူနီဆက် မြန်မာမှ လွန်စွာဝမ်းနည်းကြောင်း ဖော်ပြပါရှိပြီး အဖွဲ့အသီးသီးအနေဖြင့် ပဋိပက္ခအတွင်း ပိတ်မိနေသည့် ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံမှုရှိရေးနှင့် ငြိမ်းချမ်းစွာနေ ထိုင်ရေးဆိုသည့် အခွင့်အရေးများကိုရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးကြရန် ယူနီဆက်မှ တိုက်တွန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
