ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက်ညပိုင်းက စရဖတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်သတ်ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော လူငယ်လေးဦး၏ အမှုအား ဖေဖော်ဝါရီ ၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ရှေ့နေများထံမှ သိရသည်။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီခန့်က စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် မိသားစုဖြင့် လာရောက်စဉ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရကာ သေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးခဲ့ပြီးနောက် လူငယ်သုံးဦးကို အာမခံဖြင့် ပြန်လွှတ်ခဲ့ကာ ဒီဇင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရှိ တိုင်းရင်းသားကျေးရွာတွင် ကိုရဲဇော်ဆိုသူအား ဖမ်းဆီးခဲ့သည်။
ထို့နောက် ယခင်ဖမ်းဆီးစစ်ဆေးခံရပြီး ဇန်နဝါရီ ၁၃ ရက်က အာမခံဖြင့် ပြန်လွှတ်ပေးထားသော အောင်ဇော်လင်း၊ မေယုထွန်း နှင့် ခိုင်ဘိုဘိုတို့ကို ပြန်လည်ဖမ်းဆီးခဲ့ပြီး ၁၄ ရက်တွင် လေးယောက်စလုံးကို တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး လူငယ်လေးဦးအတွက် လိုက်ပါဆောင်ရွက်နေသော ရှေ့နေ ဦးထွန်းအောင်ကျော်က “မနေ့က ရုံးထုတ်တော့ ခရိုင်ဥပဒေအရာရှိ အပြောင်းအရွှေ့ ကိစ္စရှိတယ်ဆိုပြီး CNP လို့ခေါ်တဲ့ အချိန်ဇယားရေးဆွဲမှုအတွက် အဆင်မပြေခဲ့ဘူး။ ရုံးချိန်းသာ ပေးလိုက်တယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်။ အဲဒီနေ့မှာ အချိန်ဇယားကို အတိအကျပေါ့ ဘယ်နေ့ဘယ်သူ့ကို စစ်မယ်ဆိုတာ ရေးဆွဲနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီအခါကျမှ လိုပြသက်သေတွေကို စပြီးစစ်ဆေးနိုင်မှာ ဖြစ်တယ်။ သူတို့ကို အခုစွဲဆိုထားတာက ပုဒ်မ ၂၀၃ရ/၄၃ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ အခုဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာ ဒီပြစ်မှုကို မကျူးလွန်ဘူး၊ ဆိုင်လည်းမဆိုင်ဘူးလို့ ကျွန်တော်ပြောထားတာလည်း ရှိတယ်။ ဒါကြောင့် အမှုတစ်ခုဖြစ်လာပြီဆိုရင်တော့ ဒီပြစ်မှုကို ကျူးလွန်တယ်ဆိုတဲ့ သက်သေအခိုင်အမာပြဖို့က စွပ်သူရဲ့ တာဝန်သာဖြစ်တယ်။ သက်သေတွေရဲ့ ထွက်ဆိုချက်အပေါ်မှာကြည့်ပြီး ကျွန်တော်တို့က ခုခံချေပရမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
