ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရသည့် စစ်ဘေးရှောင်စခန်း အများစုအနက် အလယ်အဆင့်ကျောင်းသားများ ပါဝင်နေသော်လည်း လက်ရှိအချိန်ထိ ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။
မူလတန်းအဆင့် ကျောင်းသားများကို ပညာသင်ကြားခွင့် ရရှိနေပြီဖြစ်သော်လည်း အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာသင်ကြားခွင့်မရသေးသည်ကို စိုးရိမ်မိကြောင်း၊ မိမိတို့ကျေးရွာများသို့ ပြန်လိုသော်လည်း မပြန်ရဲဖြစ်နေကြောင်းလည်း ဒုံးသိမ်စေတီတော်ပရိဝုဏ်တွင်းသို့ ရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်များက ပြောကြားသည်။
“ကျွန်တော်တို့ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တော့ တစ်ရွာလုံးထွက်ပြေးကြတာပေါ့။ အဲဒီတုန်းက ဘယ်လိုပြေးခဲ့ရတယ်ဆိုတာကို ကျွန်တော်ဗီဒီယိုရိုက်ပြီး တင်ခဲ့တဲ့အတွက် အားလုံးသိကြပြီး ဖြစ်တယ်။ အခုဖြစ်နေတာက မူလတန်းကျောင်းသားတွေသာ ပညာသင်ကြားခွင့်ရကြပြီး အလယ်တန်းကျောင်းသား ၂၀ ကျော်ရှိတယ်။ သူတို့ကတော့ ပညာသင်ကြားခွင့်မရသေးဘူး ဖြစ်နေတယ်။ အဲဒီအတွက်စိုးရိမ်တယ်၊ ဘယ်လိုစာမေးပွဲဖြေဆိုမလဲ၊ စာဖတ်ဖို့တောင် အဆင်မပြေတဲ့အချိန်မှာ ကျောင်းကလည်းမတက်ရတော့ သူတို့ဘယ် လိုလုပ်ကြမလဲပေါ့။ ရွာကဆိုရင် အပြင်က ကျောင်းဆရာတွေငှားပြီး စာသင်ကြရတာ။ သူတို့လည်း တိုက်ပွဲဖြစ်တော့ မလာကြတော့ဘူး။ မူကြိုမှ အလယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၇၈ ဦး ပါတယ်။ အလယ်တန်းတွေကို ကျူရှင်ပုံစံမျိုးတော့ လုပ်ထားတာရှိတယ်” ဟုလည်း အလယ်ချောင်းကျေးရွာမှ ဒုံးသိမ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ကိုကျော်ကျော်နိုင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ပညာရေးဌာနသို့ ဆက်သွယ်မေးမြန်းချက်များအရ စစ်ဘေးရှောင် ကျောင်းသားများအား ပညာသင်ကြားနိုင်ရေးအတွက်နှင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ညွန်ကြားထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မူလတန်းအဆင့် ကျောင်းသူ/သားများသာ ပညာသင်ကြားခွင့်ရကြပြီး တချို့သော အလယ်တန်းကျောင်းသူ၊ ကျောင်းသားများမှာ ပညာသင်ကြားခွင့် ပျောက်ဆုံးနေသေးကြောင်းလည်း သိရသည်။
ပညာရေးဌာ၏စာရင်းများအရ စစ်ဘေးရှောင်ဒုက္ခသည်များအတွင်း ကျောင်းသူ/ သားနှစ်ထောင်ကျော်ပါဝင်ပြီး ကျောင်းတက်နိုင်ရေးနှင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း တချို့သော ကယ်ဆယ်ရေးစခန်းများတွင် ပညာသင်ကြားနိုင်ရေး အဆင်မပြေမှုများ ရှိနေသေးခြင်းဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
