Top News

စပိန်လာလီဂါပွဲစဉ်(၃၀) ပွဲကြိုသုံးသပ်ချက်
24htopnews | November 29, 2024 10:12 AM CST

အက်သလက်တီကို - ဟီရိုနာ  (ဗုဒ္ဓဟူးနေ့ ဝဝးဝ၀ နာရီ)

ဟီရိုနာဟာ အက်သလက်တီကိုနဲ့တွေ့တိုင်းအကောင်း ဆုံးတုံ့ပြန်တတ်ပြီး နောက်ဆုံးတွေ့ထားတဲ့ (၅)ပွဲစလုံးသရေပွဲတွေ ကစားပြထားနိုင်တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်တော့ အက် သလက်တီကိုအတွက် ရီးယဲလ်မက်ဒရစ်နဲ့အမှတ်လုနေရချိန် ဖြစ်နေပြီး အိမ်ကွင်းမှာလည်းကစားရမှာဆိုတော့ ဟီရိုနာ မလွယ်လောက်ဘူး။ ဟီရိုနာခံစစ်ကလည်း စိတ်မချရလို့ အက်သလက်တီကိုနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။

အက်စ်ပန်ညို - ဂီတာဖေး  (ဗုဒ္ဓဟူးနေ့ နံနက် ၁းဝ၀ နာရီ)

ဂီတာဖေးရဲ့ အဝေးကွင်းမာကျောကျစ်လျစ်တဲ့ကစားပုံ က အက်စ်ပန်ညိုကို အခက်တွေ့စေဦးမယ်ထင်တယ်။ အက်စ်ပန်ညိုတိုက်စစ်က ဂိုးသွင်းအားပုံမှန်မရှိသေးသလို၊ ခံစစ်ပိုင်းကလည်း ဂိုးတွေလွယ်လွယ်ပေးနေရတယ်။ ဒီအခြေအနေနဲ့ဆိုရင် တော့ အိမ်ကွင်းအားတစ်ခုတည်းနဲ့ ဂီတာဖေးကိုအနိုင်ယူဖို့က မလွယ်ကူပါဘူး။ ဂီတာဖေး အဝေးကွင်းမှာ ထိန်းကစားဖို့ရှိနေလို့ ဒီပွဲလည်း ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။

ဗီလာရီးယဲလ် - ဘာစီလိုနာ  (ဗုဒ္ဓဟူးနေ့ နံနက် ၂းဝ၀ နာရီ)

ဘာစီလိုနာကတော့ မန်ယူနဲ့ ချန်ပီယံလိဂ်မကစားရသေး မီမှာ လာလီဂါပွဲကောင်းတွေ ဆက်တိုက်ကစားနေရတယ်။ အခု ဗီလာရီးယဲလ်နဲ့ မကစားခင် အက်စ်ပန်ညိုနဲ့ အိမ်ကွင်းကစားခဲ့ရ ပြီး၊ ဒီပွဲပြီးရင်လည်း အက်သလက်တီကိုမက်ဒရစ်နဲ့အိမ်ကွင်းက စားရဖို့ရှိနေလို့ ဘာစီလိုနာအတွက်တော့ စိန်ခေါ်မှုပါပဲ။ ဒါပေမဲ့ ဒုတိယနေရာက အက်သလက်တီကိုကို အမှတ်ဖြတ်ထားနိုင်လို့ ဘာစီလိုနာပွဲတိုင်းကို ဖိအားကင်းကင်းကစားနေနိုင်တာထည့် တွက်ရမယ်။ လက်ရှိဗီလာရီးယဲလ်ရဲ့ စုဖွဲ့မှုနဲ့ကစားအားကလည်း ဘာစီလိုနာကိုယှဉ်နိုင်ဖို့ လိုအပ်ချက်တွေရှိနေတယ်။ ဘာစီလိုနာ အတွက်ကတော့ ပွဲကိုထိန်းကစားသွားရုံပါပဲ။ ဗီလာရီးယဲလ်ရဲ့ ရုန်းအားကြောင့် ဂိုးနည်းသရေပွဲပဲမှန်းထားချင်တယ်။

 


READ NEXT
Cancel OK