ဟီရိုနာနှင့်ပွဲကဂိုးမှာ ဂရီးဇ်မန်းအတွက် အလွန်အရေးပါဟု ဆီမြွန်နီ ပြောကြား
24htopnews | November 29, 2024 10:12 AM CST
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ဟီရိုနာနှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းမှာ အသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်းအတွက် အလွန်အရေးပါသည်ဟု ပြောကြားခဲ့သည်။
ဂရီးဇ်မန်းသည် ဟီရိုနာအား (၂-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲမတိုင်မီ အက်သလက်တီကိုအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက် ဂိုးပျောက်ပေါက်ဆုံးခဲ့သည်။
ဆီမြွန်နီက " ဟီရိုနာနဲ့ပွဲမှာ ဂိုးရခဲ့တာက ဂရီးဇ်မန်းအတွက် အရမ်းကိုအရေးပါပါတယ်။ သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဟီရိုနာနဲ့ပွဲကတော့ သူ့အတွက် ဖြစ်ခဲ့ပါတယ်။ ဂရီးဇ်မန်းအနေနဲ့ အခွင့်အရေးတချို့ကို လွဲ ချော်ခဲ့ပေမယ့် ဂိုးပြန်သွင်းနိုင်တဲ့အတွက် ယုံကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်" ဟု ဆိုခဲ့သည်။
ဂရီးဇ်မန်းသည် ယခုရာသီ လာလီဂါပွဲ (၃၀) တွင် (၁၃) ဂိုးသွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
