Top News

ဘာပေအနေဖြင့် အကောင်းဆုံးဖြစ်ရန် ရီးယဲလ်သို့ပြောင်းစရာမလိုဟု ပီလီ ဆို
24htopnews | November 29, 2024 10:12 AM CST

 

ဘရာဇီးလ်ဂန္ထဝင် ပီလီက ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေအနေဖြင့် အကောင်းဆုံးဖြစ်ရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပီလီနှင့် ဘာပေတို့သည် ဧပြီလ (၄) ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ပထမဆုံးအကြိမ်တွေဆုံခဲ့ကြသည်။ ထို့နောက် ပီလီက ဘာပေကို မိမိ၏ ကစားသမားဘဝနှင့် နှိုင်းယှဉ်ကာ ပြင်သစ်သတင်းစာ Le Parisien နှင့် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပီလီက "ဘာပေအနေနဲ့ PSG အသင်းကို စွန့်ခွာသွားဖို့ မလိုပါဘူး။ သူ့အနေနဲ့ အခုကစားနေသလိုသာ ဆက်ပြီးကစားနေမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ ဘာပေကို ပီလီနဲ့နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်(ပီလီက ကြားလူုတစ်ယောက်အနေဖြင့် ပြောကြားခြင်းဖြစ်) ပီလီဟာ ဆန်းတို့စ်အသင်းက ဘယ်မှမထွက်ခွာဘဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ပီလီသည် ဆန်းတို့စ်အသင်းတွင် ၁၉၅၆ ခု နှစ်မှ ၁၉၇၄ ခုနှစ်အထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၆၃၈) ပွဲတွင် (၆၁၉) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ပီလီက ဘာပေအနေဖြင့် မိမိကဲ့သို့ ကံကောင်းမှုများကို ပိုင်ဆိုင် ထားကြောင်းနှင့် အနာဂတ်တွင် ဂိုး (၁ç၀၀၀)ကျော် သွင်းယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့သော်ပြင်သစ်ကွင်းလယ်လူဟောင်း ပီရက်စ်က ဘာပေအနေ ဖြင့် ရီးယဲလ်အသင်းသို့ လာမည့်နွေရာသီတွင် မပြောင်းရွှေ့လျှင်လည်း ၂၀၂၀ ခုနှစ် နွေရာသီတွင် သေချာပေါက်ပြောင်းရွှေ့လိမ့်မည်ဟု မှတ််ချက်ပြုခဲ့သည်။


READ NEXT
Cancel OK