LA ဂလက်ဆီအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ပြိုင်ဘက်ပရိသတ်ကလေးငယ်တစ်ဦးအား ၎င်း၏ဂျာစီကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက် (၃၇) နှစ်အရွယ်ရှိ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် မေဂျာလိဂ်ပွဲစဉ် LA ဂလက်ဆီ (၂-၁) ပေါ့တလန်တင်ဘာစ် ပွဲအပြီးတွင် ပေါ့တလန်တင်ဘာစ်အသင်းပရိသတ်ကလေးငယ်တစ်ဦးအား ၎င်းင်း၏ဂျာစီကို ပေးအပ်ခဲ့ရာ ပရိသတ်များ အံ့အားသင့်ခဲ့ကြပြီး လူမှုကွန်ရက်တွင် ရေပန်းစားခဲ့သည်။
LA ဂလက်ဆီအသင်း၏ တရားဝင် Twitter အကောင့်ကလည်း ESPN FC ၏ Post ကို Share က "မုန်းနေတဲ့လူတွေကို ကျွန်တော့်ရဲ့ ပရိသတ်ဖြစ်လာအောင် ကျွန်တော် ပြုလုပ်သွားမှာပါ" ဆိုသောစကားကို အီဘရာဟီမိုဗစ်ပြောသည့်ပုံစံဖြင့် ရေးတင်ခဲ့သည်။
အီဘရာဟီမိုဗစ်သည် အဆိုပါပွဲစဉ်တွင် LA ဂလက်ဆီအသင်းရရှိသည့် ဂိုး (၂) ဂိုးစလုံးကို ပယ်နယ်တီများမှတစ်ဆင့် သွင်းယူခဲ့ပြီး ယခုရာသီ မေဂျာလိဂ်တွင် (၂) ပွဲကစား (၃) ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
