ရီးယဲလ်မက်ဒရစ်အသင်း တစ်ကျော့ပန်နည်းပြ ဇီဒန်းသည် ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားများဖြစ်သည့် ပေါ့ဘာနှင့် ဟာဇက်တို့ကို လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အရခေါ်ယူပေးရန် အသင်းဘုတ်အ ဖွဲ့ထံ တောင်းဆိုခဲ့သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသို့ ဇီဒန်း ပြန်လာလာချင်း PSG လူငယ်ကြယ်ပွင့် ဘာပေမှာ အဓိကပစ်မှတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လက်လျှော့ခဲ့ဖွယ် ရှိနေသည်။
PSG အသင်းသည် ဘာပေအတွက် ကမ်းလှမ်းမှုများကို ငြင်းဆန်ရန်အသင့်ရှိနေသဖြင့် ရီးယဲလ်မှာ ဘာပေကိုခေါ်ယူမည့်အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်အထိ ရွှေ့ဆိုင်းထားဖွယ်ရှိသည်ဟု သတင်းများက သုံးသပ်ရေးသားခဲ့ကြသည်။
ထို့ကြောင့် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေသူ ဟာဇက်၊ ရီးယဲလ်တွင်ကစားရန် ဆန္ဒရှိသည်ဟု ဝန်ခံထားသူ ပေါ့ဘာတို့မှာ လတ်တလော သတင်းပိုထွက်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
