အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌ စီရီဇိုက အသင်း၏အဓိကတိုက်စစ်မှူး ဂရီးဇ်မန်းအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်ရှိရန် (၁၀၀၀)ရာခိုင်နှုန်းသေချာကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းသည် ပြီးခဲ့သည့် ရာသီကတည်းက အက်သလက်တီကိုအသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သလို လက်ရှိတွင်လည်း ဘာစီလိုနာ၊ မန်ယူစသည့် အသင်းများကို ပြောင်းရွှေ့ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြလျက်ရှိသည်။
ထို့ပြင် စပိန်အားကစားသတင်းစာ Marca ၏ဖော်ပြချက်အရ အက်သလလက်တီကိုအသင်းနှင့်ချုပ်ဆိုထားသည့် ဂရီးဇ်မန်း၏ လျော်ကြေးစာချုပ်မှာ လာမည့်ဇူလိုင် (၁)ရက်နေ့တွင် ယူရိုသန်း (၂၀၀)မှ ယူရိုသန်း (၁၂၀)သို့လျော့ကျသွားမည်ဖြစ်ရာ ၄င်းအနေဖြင့် အသင်းမှထွက်ခွာရန် ပိုမိုလွယ်ကူဖွယ်ရှိနေကြောင်း သိရသည်။
သို့သော် အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇိုက ဂရီးဇ်မန်းမှာ အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း စပိန်ရုပ်သံအစီအစဉ် El Rondo နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
စီရီဇိုက '' ဂရီးဇ်မန်းရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်အတည်ပြုနိုင်တာကတော့ သူဟာလာမယ့်ရာသီမှာ အက်သလက်တီကိုအသင်းရဲ့ ကစားသမားအဖြစ် ရှိနေမှာပါ။ ဒါက (၁၀၀၀)ရာခိုင်နှုန်းသေချာပါတယ်'' ဟုပြောကြားသွားခဲ့သည်။
ဂရီးဇ်မန်းသည် ယခုရာသီပြိုင်ပွဲစုံတွင် အက်သလက်တီကိုအသင်းအတွက် ပွဲ (၄၀)ကစားထားပြီး (၁၈)ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
