Top News

ရီးယဲလ်မက်ဒရစ်အသင်းနှင့်သတင်းများထွက်နေသော်လည်း မန်ယူအသင်းတွင် ပေါ့ဘာပျော်ရွှင်နေသည်ဟု ဆိုးလ်ရှားပြောကြား
24htopnews | November 29, 2024 10:12 AM CST

မန်ယူအသင်းနည်းပြဆိုးလ်ရှားက ပေါ့ဘာအနေဖြင့် အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် ပေါ့ဘာကို အဓိကထားကာ အသင်းကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရီးယဲလ်မက်ဒရစ်အသင်းမှ ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကွင်းလယ်လူ ပေါ့ဘာသည် အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာသည် ပြီးခဲ့သည့်မတ်လက ရီးယဲလ်မက်ဒရစ်အသင်းနှင့် နည်းပြဇီဒန်းလက်အောက်တွင်ကစားရေးမှာ ကစားသမားတိုင်း၏ အိပ်မက်ဖြစ်သည်ဟု ပြောကြားခဲ့သလို၊ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကလည်း ၄င်းအနေဖြင့် ပေါ့ဘာကို အလွန်နှစ်သက်ကြောင်း ပြောကြားခဲ့ရာ ပေါ့ဘာ၏ အပြောင်းအရွှေ့သတင်းများမှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။

သို့သော် မန်ယူအသင်းနည်းပြဆိုးလ်ရှားက ပေါ့ဘာအနေဖြင့် အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် ပေါ့ဘာကို အဓိကထားကာ အသင်းကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက ''ကျွန်တော်ကတော့ တခြားအသင်းက ကစားသမားတွေရဲ့အကြောင်းကို ပြောတာမျိုးမနှစ်သက်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားချင်တာက ကစားသမားအိပ်မက်ဖြစ်တယ်လို့ ပေါ့ဘာပြောခဲ့တာကလည်း နိုင်ငံတကာပွဲစဉ်တွေကစားတဲ့ ရက်သတ္တပတ်မှာဖြစ်ပါတယ်။ မီဒီယာတွေမေးလို့သာ ပေါ့ဘာအနေနဲ့ ပြန်ဖြေခဲ့တာဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပေါ့ဘာဟာ အလွန်သိမ်မွေ့ပြီး လူကောင်းတစ်ယောက်ဖြစ်လို့ပါ။ ပြင်သစ်က ဘောလုံးသမားတွေအတွက် ဇီဒန်းလိုကစားသမားကို သဘောကျတာ အဆန်းမဟုတ်ပါဘူး။ တကယ်တော့ ပေါ့ဘာဟာ မန်ယူအသင်းမှာ ပျော်ရွှင်နေပါတယ်။ သူဟာ အသင်းရဲ့အနာဂတ်မှာလည်း အဓိကနေရာက

ပါဝင်နေသူပါ။ ကျွန်တော့်အနေနဲ့ ပေါ့ဘာကိုအဓိကထားပြီး အသင်းကို တည်ဆောက်သွားမယ်လို့ အမြဲတမ်းပြောခဲ့ဖူးပါတယ်။ အခုလည်း အဲဒါကို ကျွန်တော်ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက မိမိအနေဖြင့်အသင်း အမှုဆောင်အရာရှိချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်ဒ်နှင့် တိုင်ပင်ပြီး အသင်းတိုးတက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။


READ NEXT
Cancel OK