လူမှုကွန်ရက်များတွင် ထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်အရ ဧပြီလ (၁) ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါရန်ပွဲတွင် ပစ်ဖို့ဒ် ပါဝင်နေခြင်းဖြစ်သည်။
အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် ပါဝင်ပတ်သက်ခဲ့သည့်ရန်ပွဲကို နော့သမ်ရီယာရဲတပ်ဖွဲ့နှင့် ၎င်းင်း၏မိခင်ကလပ် အဲဗာတန်အသင်းတို့က အသီးသီးစုံစမ်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လူမှုကွန်ရက်များတွင် ထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်အရ ဧပြီလ (၁) ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါရန်ပွဲတွင် ပစ်ဖို့ဒ် ပါဝင်နေခြင်းဖြစ်သည်။
'' တနင်္လာနေ့နံနက် (ဝဝး၁၉) နာရီခန့် က ဆန်းဒါးလန်းရဲ့တန်စတောလ်လမ်းမပေါ် မှာ လူအများအပြားပါဝင်တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့အခြေအနေကို ဆုံးဖြတ်နိုင်ဖို့နဲ့ ပါဝင်သူတွေကို သိရှိနိုင်ဖို့ရဲတပ်ဖွဲ့မှာ လိုအပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဆိုးဆိုးရွားရွား ဒဏ်ရာရတာတွေ မရှိဘူးလို့ ယုံကြည်ပါတယ်။ အခုချိန်အထိလည်း ဘယ် သူ့ကိုမှ ဖမ်းဆီးထားတာမျိုး မရှိသေးပါဘူး'' ဟု ရဲတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဲဗာတန်ကလည်း ယင်းရန်ပွဲတွင် အသင်းကစားသမားတစ်ဦး ပါဝင်နေမှုကို အတည်ပြုသော်လည်း ကစားသမားအမည်ကို ထုတ်ပြန်ခြင်းမရှိခဲ့ဘဲ စုံစမ်းစစ်ဆေးနေသည်ဟုသာ ကြေညာခဲ့သည်။
အဲဗာတန် အသင်း၏ထုတ်ပြန်မှုတွင် အသင်းကစားသမားတစ်ဦးပါဝင်နေသည့် ယခုဖြစ်စဉ်ကို ကလပ်အသင်းအနေဖြင့် သိရှိပြီး လိုအပ်သည့် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ရေးသားထားသည်။
AFP တွင်ဖော်ပြသည့်သတင်းအရ လမ်းမထက်တွင် ပစ်ဖို့ဒ်နှင့်ခိုက်ရန်ဖြစ်ပွားခဲ့သူများသည် ယင်းမတိုင်မီက ဘားတစ်ခုအတွင်း ပစ်ဖို့ဒ်နှင့်စေ့စပ်ထားသူအား ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် စော်ကားခဲ့ကြောင်း သိရသည်။
လမ်းမပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေစဉ်အတွင်း လူတစ်ဦးမှ ကြားဝင် မဖျန်ဖြေမီ ပစ်ဖို့ဒ်ကို ရည်ညွှန်းသည့် '' ဂျော်ဒန်'' ဟု အော်ခေါ်နေသည့်အသံကို ယင်းဗီဒီယိုဖိုင်တွင် အတိုင်းသားကြားခဲ့ရသည်။
ပစ်ဖို့ဒ်သည် ဆန်းဒါးလန်းမြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဆန်းဒါးလန်းအသင်းတွင် ကစားသမားဘဝ အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၇ ဇွန်တွင် အဲဗာတန်အသင်းသို့ ပေါင် (၂၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
