Top News

ဗာရန်းကို အသင်းမှ မထွက်ခွာစေလိုကြောင်း ဇီဒန်းပြောကြား
24htopnews | November 29, 2024 10:12 AM CST

ပြင်သစ်နောက်ခံလူ ဗာရန်းသည် ပြီးခဲ့သည့် မတ်လအတွင်း ရီးယဲလ်မက်ဒရစ်အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့ပြီးနောက် ၄င်းကို ခေါ်ယူရန် မန်ယူ၊ ဂျူဗင်တပ်စ်စသည့် ဥရောပထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက အသင်း၏အဓိကနောက်ခံလူ ဗာရန်းကို အသင်းမှ မထွက်ခွာစေလိုကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ် ပြင်သစ်နောက်ခံလူ ဗာရန်းသည် ပြီးခဲ့သည့် မတ်လအတွင်း ရီးယဲလ်မက်ဒရစ်အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့ပြီးနောက် ၄င်းကို ခေါ်ယူရန် မန်ယူ၊ ဂျူဗင်တပ်စ်စသည့် ဥရောပထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းသိရသည်။

သို့သော် ဇီဒန်းက ဗာရန်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာသွားစရာအကြောင်းမရှိကြောင်းနှင့် ၄င်းကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဒန်းက '' ဗာရန်းကို အသင်းကနေ ထွက်ခွာမသွားစေချင်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဗာရန်းကို အသင်းကထွက်ခွာသွားစေချင်တဲ့လူ တစ်ယောက်မှမရှိပါဘူး။ ဗာရန်းကငယ်ပါသေးတယ်။ ဗာရန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားလာတာ (၈)နှစ်ရှိပါပြီ။ သူအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးသမားတွေရဲ့အပြောင်းအရွှေ့သတင်းတွေကတော့ အမြဲတမ်းထွက်နေတာပါပဲ။ ဒါပေမဲ့ ဗာရန်းကိုကြည့်ရတာ အားလုံးအဆင်ပြေနေပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း အသင်းကထွက်ခွာချင်တယ်လို့ ကျွန်တော့်ကိုမပြောဖူးပါဘူး။ မီဒီယာတွေကတော့ ဘာတွေသိထားလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဗာရန်းဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး အသင်းမှာကစားနေပြီး ဒီမှာ အောင်မြင်မှုတွေလည်းအများကြီးရရှိပြီးသား ကစားသမားပါ'' ဟုပြောကြားခဲ့သည်။

ဗာရန်းသည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ်ကလပ် လန်းစ်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းတွင် ရာမို့စ်နှင့်အတူ အသင်း၏အဓိက ဗဟိုခံစစ်မှူးအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

ဗာရန်းသည် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၆၀)ကျော်ကစားထားသလို ၄င်း၏ အသင်းနှင့် လက်ရှိစာချုပ်မှာလည်း ၂၀၂၂ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ 


READ NEXT
Cancel OK