အဂွဲရိုးသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး (၁၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေသလို၊ အသင်းအတွက်ပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၂၉)ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတိုက်စစ်မှူး အဂွဲရိုးအနေဖြင့် ကာဒစ်ဖ်နှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ဖူလ်ဟမ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ပွဲချိန် (၅၇)မိနစ်၌ လူငယ်တိုက်စစ်မှူး ဂျေးဆူနှင့် လူစားလဲခဲ့ရသည်။
အဂွဲရိုးအနေဖြင့် ဒဏ်ရာရရှိခဲ့ခြင်းမျိုးမဟုတ်သော်လည်း ခန္ဓာကိုယ်နာကျင်မှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အနားပေးခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းအသင်း၏လေ့ကျင့်ရေးများကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ကာဒစ်ဖ်အသင်းနှင့် ကစားမည့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက '' အဂွဲရိုးဟာ ပြီးခဲ့တဲ့ (၂)ရက်အတွင်း အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဧပြီလ (၃)ရက်နေ့ကစားမယ့် ကာဒစ်ဖ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဧပြီလ (၆)ရက်နေ့ကစားမယ့် ဘရိုက်တန်နဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ဖို့ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကြံ့ခိုင်မှုအနေအထားကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ" ဟုပြောကြားခဲ့သည်။
အဂွဲရိုးသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး (၁၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေသလို၊ အသင်းအတွက်ပြိုင်ပွဲစုံ (၃၈)ပွဲတွင် (၂၉)ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။
ထို့ပြင်ဂွါဒီယိုလာက ယခုရာသီတွင် မိမိတို့အသင်းအနေဖြင့် ဖလား (၄)လုံးရရှိရန် ကြိုးပမ်းနေကြသော်လည်း ယင်းအိပ်မက်မှာ ဝေးလွန်းသေးကြောင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကစားကြရန် ကစားသမားများကို တိုက်တွန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
