မန်စီးတီးအသင်း၏ နည်းပြဖြစ်သူဂွါဒီယိုလာက မိမိတို့အသင်းသည် ယခုရာသီတွင် ဖလား(၄)လုံးရယူမည့် အိပ်မက်ကို အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်နေကြောင်းနှင့် အသင်းသားများသည် ယင်းအောင်မြင်မှုအတွက် အဆင်သင့်ဖြစ်နေပြီဟု ထင် ကြောင်းပြောကြားခဲ့သည်။
သို့ရာတွင် ကစားသမားများအနေဖြင့် သမိုင်းဝင်အောင်မြင်မှုအတွက် စိတ်ခံစားမှုမများရန်၊ အတွေးမလွန် ရန်သတိထားရမည်ဖြစ်ပြီး ယခုရာသီ၏ လက်ကျန်ပွဲစဉ်တိုင်းကို စက်ရုပ်များလို ကစားသွားရန်လိုအပ်နေသည်ဟုလည်း သတိပေးပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် လွန်ခဲ့သည့် (၁၀)နှစ်က ဘာစီလိုနာအသင်းနှင့်အတူ ဘောလုံးရာသီတစ်ခုအတွင်း ရှိသမျှဆုဖလားအားလုံးကို ရယူနိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုအချိန်တွင် ထိုအချိန်ကလို ခံစားမှုမျိုးကို ပြန်လည်ရရှိနေပြီဟု ဆိုခဲ့သည်။
''ကျွန်တော်တို့အသင်းဟာ အမှန်တကယ်လုပ်ဆောင်နိုင်ဖို့အရမ်းခက်ခဲတဲ့ အောင်မြင်မှုမျိုးကို ရယူနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဧပြီလအစမှာ ကျွန်တော်တို့အသင်းက ဖလားနှစ်လုံးကို ယူခဲ့ပြီးပါပြီ (ကွန်မြူနတီဒိုင်းနှင့် Carabao Cup။ ကျွန် တော်တို့ နောက်ထပ် ဖလား (၃)လုံး (ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလား)ကို ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ (ဂွါဒီယိုလာက ဖလား (၅)လုံးအဖြစ် ပြောကြားခဲ့သော်လည်း အင်္ဂလန်မြေတွင် ကွန်မြူနတီဒိုင်းကို ဖလားဟု မသတ်မှတ်သည့်အတွက် ဖလား (၄)လုံးသာသတ်မှတ်) ပွဲတစ်ပွဲကစားတဲ့အခါတိုင်းမှာ ကျွန်တော့်ကစားသမား တွေက နိုင်ပွဲရဖို့အတွက်ပဲ ကြိုးစားကြပါတယ်။ ဒါဟာ တကယ်တော့ ခက်ခဲပေမယ့် သူတို့ လုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းရဲ့နောက်ပွဲစဉ်က ကာဒစ်ဖ်အသင်း နဲ့ပါ။ ဒီပွဲကိုအနိုင်ကစားဖို့အတွက် စက်ရုပ်တွေလိုကစား ရပါမယ်။ ကျွန်တော့်အမြင်တော့ သူတို့ ဒီလိုလုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ တခြားကလပ်အသင်းတွေနဲ့ ဖ လားများစွာ ရယူခဲ့ဖူးတဲ့အတွေ့အကြုံအရဆိုရင် ဒါဟာ အောင်မြင်မှုကို အရယူနိုင်ဖို့အကောင်းဆုံးလမ်းကြောင်း ပါပဲ။ စိတ်ခံစားချက်အရမ်းမများဖို့နဲ့ အတွေးမလွန်ဖို့ပဲ လိုပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဂွန်ဒိုဂန်ကလည်း မိမိတို့အသင်းသည် လက်ကျန်ဖလားအားလုံးကို အရယူရန် ယုံကြည်မှုအပြည့်ရှိနေသည်ဟု ဆိုခဲ့ပြီး ၎င်းက ''ကျွန်တော်တို့ ဖလားအားလုံးကို ရယူသွားမှာပါ။ ဒါကို ကျွန်တော် ရဲရဲကြီးပြောနိုင်ပါတယ်။ ဒီလိုလုပ်နိုင်မယ့်အရည်အချင်းသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ အခုအချိန်ဆို ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။ ဒါဟာ အဓိကကျတဲ့အခြေအနေဖြစ်ပါတယ်။ (၃၊ ၄) ရက်တိုင်းမှာ တစ်ပွဲကစားဖို့ဆိုတာ အရမ်းခက်ခဲပေမယ့် ကျွန်တော်တို့မှာ လုံလောက်တဲ့အင်အားရှိပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
