ဘာစီလိုနာအသင်းသည် ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး၏နေရာတွင် အစားထိုးရန်အတွက် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် ယခုရာသီတွင် ခြေစွမ်းပြပြီး ပြိုင်ပွဲစုံ (၁၉)ပွဲတွင် (၂၂)ဂိုးအထိ သွင်းယူထားသည်။
သို့သော် လီဝန်ဒေါစကီးသည် အသက် (၃၆)နှစ်ကျော်လာပြီဖြစ်သည့်အတွက် ဘာစီလိုနာအသင်းက ၎င်း၏ နေရာတွင် အစားထိုးရန် အီဆက်ခ်(၂၅ နှစ်)ကို နံပါတ် (၁) ပစ်မှတ်အဖြစ် ရည်ရွယ်နေခြင်းဖြစ်သည်။
နယူးကာဆယ်အသင်းသည် အသင်း၏အဓိကတိုက်စစ်မှူး အီဆက်ခ်ကို ရောင်းချလိုခြင်း မရှိသော်လည်း ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ရောင်းချဖွယ်ရှိကြောင်း သတင်းထွက် ပေါ်နေသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် လာမည့် ၂၀၂၅ နွေတွင် အီဆက်ခ်ကို နံပါတ်(၁) ပစ်မှတ်အဖြစ် ခေါ်ယူလိုနေပြီး ၎င်းအား ခေါ်ယူနိုင်ခြင်းမရှိပါက စပို့တင်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူရန်စီစဉ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
