စပီဇီယာ - ခရိုတိုနီ (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၇:၃၀ နာရီ)
တန်းဆင်းဇုန်ထဲက လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေ တဲ့နှစ်သင်းအမှတ်လုမယ့်ပွဲပါပဲ။ စပီဇီယာက လွတ်မြောက်ဖို့ ပိုပြီးမျှော်လင့်ချက်ရှိနေတယ်။ လက်ရှိခြေစွမ်းအရလည်း စပီဇီယာက ပိုပြီးထက်မြက်တည်ငြိမ်ပါတယ်။ စပီဇီယာ (၂-၁) လောက်နဲ့ နိုင်မယ်ထင်တယ်။
ပါးမား - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၁၀ ရက် ည ၁၀:၃၀ နာရီ)
ဆမ်ဒိုးရီးယားကို တစ်ယောက်အသာနဲ့ကစားရပေမဲ့ တစ်မှတ်သာယူနိုင်ခဲ့လို့ အေစီမီလန် နစ်နာပါတယ်။ အေစီမီလန်တိုက်စစ်ရဲ့ အဆုံးသတ်စွမ်းရည်ထက်မြက်မှုဟာ သံသယဝင်ချင်စရာကောင်းနေတယ်။ အီဘရာဟီမိုဗစ်က ပွဲပန်းနေပုံရပြီး သူ့ဆီကို ဖန်တီးမှုကောင်းတွေလည်း သိပ်မရောက်ရှိလို့ အခက်တွေ့နေပုံပဲ။ ပါးမားက ခံစစ်ညံ့ပေမဲ့ အရေးပေါ်အမှတ်လိုအပ်နေလို့ အေစီမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။
အူဒီးနီးစ် - တိုရီနို (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)
အူဒီးနီးစ်က အတ္တလန်တာ၊ လာဇီယိုတို့နဲ့ပွဲကျပ်ပြီး ရလဒ် ယိမ်းယိုင်သွားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ အမှားသိပ်မကျူးလွန်တတ်သလို၊ တိုရီနိုကလည်း အဝေးကွင်းနောက်ဆုံး (၆)ပွဲ မှာ (၂)ပွဲသာရှုံးထားလို့ အကြိတ်အနယ်မြင်ကွင်းတွေ တွေ့ရပါလိမ့်မယ်။ တိုရီနို အမှတ်ရမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
