Top News

မက်ဆီကို ဘာစီလိုနာအသင်းတွင် ဆက်ရှိနေစေလိုသည်ဟု ဇီဒန်း ပြောကြား
24htopnews | November 29, 2024 5:12 PM CST

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက မက်ဆီအား ဘာစီလိုနာအသင်းတွင် ဆက်ရှိနေစေလိုသည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်စီးတီးနှင့် PSG အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

မက်ဆီက ၎င်း၏အနာဂတ်ကို ယခုရာသီကုန်တွင် ဆုံးဖြတ်မည်ဟု ပြောကြားသော်လည်း စပိန်မီဒီယာများကမူ မက်ဆီအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဖော်ပြနေကြသည်။ 

သို့သော် ရီးယဲလ်နည်းပြ ဇီဒန်းက မိမိအနေဖြင့် မက်ဆီကို ဘာစီလိုနာအသင်းတွင်သာ ဆက်ရှိနေစေလိုကြောင်း သောကြာနေ့က ပြုလုပ်သည့် El Clasico ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။ 

ဇီဒန်းက "စနေနေ့ကစားမယ့်(ရီးယဲလ် - ဘာစီလိုနာ)ပွဲဟာ မက်ဆီအတွက် နောက်ဆုံး El Clasico ပွဲမဖြစ်စေချင်ပါဘူး။ မက်ဆီကို ဘာစီလိုနာအသင်းမှာပဲ ကျွန်တော် ဆက်မြင်ချင်ပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီ အဆင်ပြေနေပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီ ဆက်နေတာက လာလီဂါအတွက်ပါ ကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဇီဒန်းက မက်ဆီအနေဖြင့် ၂၀၁၇-၁၈ ရာသီနောက်ပိုင်းတွင် El Clasico ပွဲစဉ်များ၌ ဂိုးသွင်းနိုင်ခြင်းမရှိသေးသာ်လည်း မက်ဆီမှာ ကြီးကျယ်ခမ်းနားသည့်ကစားသမားဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK