ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ ပီယာလိုက ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်း၏ ရလဒ်များကျဆင်းခဲ့ခြင်းမှာ သူကိုယ်တိုင် အမှား များစွာကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အနာဂတ်တွင် ယင်းအမှားများကို ထပ်မံပြုလုပ်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာပိုလီအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် ဂျူဗင်တပ်စ်အသင်းအ တွက် ဂိုးများကို ပီယာလို ကာလရှည်ပစ်ပယ်ထားပြီး၊ ပုံမှန်နေရာမပေးသည့် ဒီဘားလားနှင့် အသင်း၏ အဓိက ဂိုးသွင်းရှင် စီရော်နယ်လ်ဒိုတို့က သွင်းယူခဲ့ကြသည်။
ပီယာလိုက ယင်းပွဲအပြီးတွင် "ကျွန်တော် အမှားတွေ အများကြီး ကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်မှာပါပဲ။ နည်းပြဘဝရဲ့ ပထမဆုံးနှစ်ဟာ ကျွန်တော့်အတွက်တော့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်ဆုံးဖြတ်တွေနဲ့ပဲ ကိုယ့်ကိုယ်ကို လွှင့်ပစ်မိတာတွေလည်း ရှိပါတယ်။ အဓိက ကတော့ အသင်းကို ပိုကောင်း လာနိုင်သလားဆိုတဲ့ စိတ်ကူးတွေနဲ့ ပါပဲ။ တစ်ခါတရံတော့ မှန်သွားတာ တွေရှိပြီး တချို့ကိစ္စတွေမှာတော့ အ မှားတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လူတိုင်းကျူးလွန်လေ့ရှိတဲ့ အမှားတွေကိုပဲ ကျွန်တော်မှားခဲ့တာပါ။ ပြီးတော့ ဒီအမှားတွေကနေ သင်ခန်းစာယူနေပြီး အနာဂတ်မှာ ဒီလိုအမှားတွေထပ်ပြီး မကျူးလွန်မိအောင် ကြိုးစားသွားပါမယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
