ပြီးခဲ့သည့်တစ်ပတ်က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် တန်းဆင်းဇုန်ထဲမှ ဝက်စ်ဘရွန်းအသင်းအား အိမ်ကွင်း၌ (၂-၅)ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းတွင် နောက်ခံလူ ရူဒီဂါနှင့် ဂိုးသမားကယ်ပါတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ယင်းပွဲကစားခဲ့ပြီးနောက်တစ်နေ့ဖြစ်သည့် တနင်္ဂနွေနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ၎င်းတို့(၂)ဦး အကြီးအကျယ်အချင်းများခဲ့ပြီး အသင်းဖော်များက နှစ်ဦးကို လူချင်းခွဲကာ ဖျန်ဖြေခဲ့ရကြောင်း သိရှိရသည်။
ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်လက်ထက်တွင် ချယ်လ်ဆီးအသင်း ပထမဆုံးရှုံးပွဲကြုံတွေ့ပြီးနောက် အသင်းအဝတ်လဲခန်းတွင် ကစားသမားများအကြား လွှမ်းမိုးမှုရှိသူ ဂျာမန်နောက်ခံလူ ရူဒီဂါနှင့် စပိန်ဂိုးသမား ကယ်ပါတို့၏ ရန်ပွဲသတင်းထွက်ပေါ်လာခြင်းမှာ ထူးခြားနေပြီး ချယ်လ်ဆီးကစားသမားများ၏ စည်းလုံးညီညွတ်မှုအပေါ်လည်း မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်။
သို့သော် နည်းပြ တူဟယ်လ်က ယင်းဖြစ်ရပ်အတွက် ၎င်းကစားသမား(၂)ဦးကို အရေးယူမည်မဟုတ်ကြောင်းပြောကြားခဲ့ပြီး၊ ချယ်လ်ဆီးအသင်းဖော် ကစားသမားများကလည်း ၎င်းတို့(၂)ဦး၏ ရန်ပွဲမှာအရေးမပါသည့်ပုံစံပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ပေါ်တို - ချယ်လ်ဆီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် (ပ ထမအကျော့)ပွဲစဉ်အတွက်ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲ၌ တူဟယ်လ်က ''ဒါဟာ ဝက်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ တိုနီ(ရူဒီဂါ)နဲ့ ကယ်ပါတို့ရဲ့ ဖြစ်ရပ်က လေ့ကျင့်ရေးကွင်းမှာ ဖြစ်ပွားတတ်တဲ့ သာမန်ဖြစ်ရပ်သာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို ဖြေရှင်းပြီးပါပြီ။ ဒါမျိုးက ပုံမှန်ဖြစ်တတ်တဲ့ ပြဿနာမျိုးဖြစ်ပြီး ဘာမှမထူးခြားပါဘူး။ သူတို့တွေဟာ တိုက်ပွဲဝင်နေကြသူတွေဖြစ်လို့ ဒီလို ဆူပွက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့အတူ ချယ်လ်ဆီးအသင်း၏ကွင်းလယ်လူတစ်ဦးဖြစ်သူ ကိုဗာချစ်ကလည်း အသင်း၏အဝတ်လဲခန်းအတွင်း ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။
၎င်းက ''ဒါကအရေးကြီးတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အဝတ်လဲခန်းထဲမှာ ရှိတတ်တဲ့ ပြဿနာလေးတွေပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း အားလုံးရှင်းလင်းပြီးပါပြီ။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းဟာ စုစည်းညီညွတ်တဲ့အသင်းတစ်သင်းပါ''ဟု ပြောကြားခဲ့သည်။
ပေါ်တို - ချယ်လ်ဆီး ချန်ပီယံလိဂ်ပွဲအတွက် ပြုလုပ်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင်လည်း ချယ်လ်ဆီးအသင်း၏ အင်္ဂလန်နောက်ခံလူ ဘင်ချီဝဲလ်က ပြင်သစ်နောက်ခံလူ ဇူးမားကို လက်သီးဖြင့်နောက် မှ ထိုးသည့်ပုံစံပြုလုပ်ပြခဲ့ပြီး ယင်းရန်ပွဲမှာ အရေးမပါသည့် ပုံစံပြုလုပ်ခဲ့သည်။
လေ့ကျင့်ရေးကွင်းတွင် သတင်းသမားများဓာတ်ပုံ/ဗီဒီယိုရိုက်ကူးနေသည့်ရှေ့၌ ယင်းကဲ့သို့ (ရန်ဖြစ်ဟန်ဆောင်သည့်ပုံစံ)ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းတွင် တစ်ဦးနှင့်တစ်ဦးအချင်းများမှုမှာ အရေးမပါသည်ကို ရည်ညွှန်းသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
