Top News

ယခုရာသီမကုန်ဆုံးမီ လာလီဂါပွဲစဉ်များတွင် ပရိသတ် (၁၀)ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းအထိ ကြည့်ရှုခွင့်ရမည်ဟု ယုံကြည်ကြောင်း LFP ဥက္ကဋ္ဌ ပြောကြား
24htopnews | November 29, 2024 5:12 PM CST

လာလီဂါအဖွဲ့ချုပ်(LFP) ဥက္ကဋ္ဌ တီဘက်စ်က ယခုရာသီမကုန်ဆုံးမီ လာလီဂါပွဲစဉ်များတွင် ပရိသတ် (၁၀)ရာခိုင်နှုန်းမှ (၂၅)ရာခိုင်နှုန်းအထိ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုနိုင်မည်ဟု ယုံကြည်ကြောင်း စပိန်အားကစားသတင်းစာ Marca သို့ ပြောကြားခဲ့သည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လလယ်ပိုင်းမှ စတင်ပြီး စပိန်ထိပ်တန်းလိဂ်(၂)ခုဖြစ်သည့် လာလီဂါနှင့် ဆီဂန်ဒါပြိုင်ပွဲများတွင် ကွင်းအတွင်း ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်မရတော့ဘဲ ကွင်းပိတ်ကစားခဲ့ရသည်။

LFP တာဝန်ရှိသူများသည် လာလီဂါပွဲစဉ်များတွင် ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်ခဲ့ကြသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ယခုအချိန်အထိ ဘောလုံးပွဲစဉ်များကို ကွင်းပိတ်ကစားနေရဆဲဖြစ်သည်။

သို့သော် ကမ္ဘာ့ဘောလုံးတာဝန်ရှိသူများသည် ကွင်းအတွင်း ပရိသတ်များကြည့်ရှုခွင့်ပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေပြီး LFP တာဝန်ရှိသူများကလည်း ယခုရာသီမကုန်ဆုံးမီ လာလီဂါပွဲစဉ်များကို ပရိသတ်များကြည့်ရှုခွင့်ပေးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

LFP ဥက္ကဋ္ဌ တီဘက်စ်သည် မေလတွင် ကစားမည့် လာလီဂါပွဲစဉ်များကို ကွင်းအတွင်း ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ရမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

တီဘက်စ်က ''ဒီရာသီမကုန်ခင် လာလီဂါပွဲစဉ်တွေမှာ ပရိသတ် (၁၀) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းအထိ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီအရာကလည်း အားကစားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ်မှာပဲ မူတည်နေတာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK