Top News

ပီယာလိုကို ထုတ်လျှင်မှားမည်ဟု ဂျူဗင်တပ်စ်အသင်းကို ကင်နာဗာရို သတိပေး
24htopnews | November 29, 2024 5:12 PM CST

တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ကိုင်တွယ်နေသည့် ဂျူဗင်တပ်စ်နောက်ခံလူ ကင်နာဗာရိုက အသင်းအနေဖြင့် နည်းပြ ပီယာလိုကို ရာထူးမှထုတ်ပယ်လျှင် မှားမည်ဟု သတိပေးပြောကြားခဲ့သည်။

ယခုရာသီအစတွင် ဂျူဗင်တပ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့သူ ပီယာလိုသည် အသင်း၏ရလဒ်ဆိုးများကြောင့် ယခုရာသီကုန်တွင် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သတင်းထွက်နေသူဖြစ်သည်။

သို့သော် ကင်နာဗာရိုက ဂျူဗင်တပ်စ်အသင်းအနေဖြင့် ပီယာလိုကို အချိန်ပေးသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်နာဗာရိုက ''ဂျူဗင်တပ်စ်ဟာ ပီယာလိုကို စရွေးကတည်းက သူ့မှာအတွေ့အကြုံမရှိဘူးဆိုတာ သိပြီးသားပါ။ သူ့အနေနဲ့ အသင်းမှာ အသားကျဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ သူ မှားတာတွေ ရှိသလို၊ ကောင်းတာတွေလည်း အများကြီး လုပ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့ သူ့ကို ရာထူးကထုတ်လိုက်မယ်ဆိုရင် မှားပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK