ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက သူ့အနေဖြင့် အနာဂတ်တွင် ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်လိုသည်ဟု အရိပ်အမြွက်ပြောကြားခဲ့ခြင်းကြောင့် ယခုရာသီကုန်တွင် ရာထူးမှထုတ်ပယ်ခံရမည်ဟု သတင်းထွက်နေသည့် ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလို၏ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းကို စတင်ကိုင်တွယ်ခဲ့သည့် အီတလီနည်းပြ ပီယာလိုသည် အသင်း၏ရလဒ်ဆိုးများကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိပါက ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ်(၂၉)အပြီးတွင် ရမှတ် (၅၉)မှတ်ဖြင့် အဆင့်(၃)နေရာ ရပ်တည်နေပြီး အဆင့်(၅)နေရာမှ နာပိုလီအသင်း(၅၆ မှတ်)နှင့် (၃)မှတ်သာ ကွာဟသလို၊ အမှတ်ပေးဇယားထိပ်ဆုံးမှ အင်တာမီလန်(၇၁ မှတ်)နှင့် (၁၂)မှတ်အထိ ကွာဟနေသည်။
ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ယခုအခါ ဇီဒန်း၏ဖွင့်ဟမှုကြောင့် ပီယာလို၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းကို (၃-၁)ဂိုး ဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် ရီးယဲလ်နည်းပြ ဇီဒန်းက ''အီတလီ ဒါမှမဟုတ် ဒယ်လ်ပီယာရိုကို သတိရသလားဆိုရင်တော့ နှစ်ခုစလုံးကို ကျွန်တော် လွမ်းပါတယ်။ အီတလီက ကျွန်တော့်နှလုံးသားထဲမှာ ရှိပါတယ်။ တူရင်မှာ ကျွန်တော်(၅)နှစ်နေခဲ့ပြီး ဂျူဗင်တပ်စ်က ကျွန်တော့်အတွက် အရေးကြီးဆဲပါပဲ။ အနာဂတ်မှာ ဂျူဗင်တပ်စ်ကို ကျွန်တော် ရောက်နိုင်လားတော့ ကျွန်တော် မပြောတတ်ပါဘူူး။ စောင့်ကြည့်ရမှာပါပဲ''ဟု Sky Sport Italia နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဇီဒန်းသည် ကစားသမားဘဝတွင် ဂျူဗင်တပ်စ်အသင်းအတွက် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ (၅)နှစ်ကြာကစားခဲ့ပြီး ဆုဖလား (၇)လုံးအထိ ရယူနိုင်ခဲ့သည်။
ဂျူဗင်တပ်စ်နည်းပြ ပီယာလိုကမူ မိမိအနေဖြင့် အသင်း၏ထောက်ခံမှုကို ရရှိထားဆဲဟု ပြောကြားနေသော်လည်း နည်းပြဟောင်း အယ်လီဂရီနှင့် ရီးယဲလ်နည်းပြ ဇီဒန်းတို့မှာ လာမည့်ရာသီတွင် ဂျူဗင်တပ်စ်နည်းပြရာထူးအတွက် ရေပန်းစားနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
