စီးရီးအေထိပ်သီးကလပ်အသင်းများဖြစ်သည့် အေစီမီလန်နှင့် ရိုးမားအသင်းတို့သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီအား ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြကြောင်း Il Corrie dello Sport က ဖော်ပြခဲ့သည်။
အသက် (၂၇)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်တိုက်စစ်မှူး ဘယ်လော့တီ၏ တိုရီနိုအသင်းနှင့် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။
တိုရီနိုအသင်းသည် ဘယ်လော့တီအား အသင်းတွင် ဆက်ထိန်းထားရန် အလိုရှိနေသော်လည်း ကစားသမားဘက်က အသင်းပြောင်းရန် ဆန္ဒရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေသည်။
ထို့ပြင် တိုရီနိုအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသဖြင့် ဘယ်လော့တီကို ထိုက်တန်သည့်ကြေးရပါက လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။
အေစီမီလန်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါက အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ဘယ်လော့တီကို ပစ်မှတ်ထားနေသလို၊ ရိုးမားအသင်းကလည်း အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ဘော့စနီးယားဝါရင့်တိုက်စစ်မှူး ဂျက်ကို၏နေရာတွင် အစားထိုးရန်အတွက် ဘယ်လော့တီကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ဘယ်လော့တီသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရသည့်အသင်းသို့သာ ပြောင်းရွှေ့လိုနေရာ အေစီမီလန်အသင်းက ၎င်းကို ခေါ်ယူရန် ပိုမိုအခွင့်သာနေကြောင်းလည်း သိရသည်။
အေစီမီလန်အသင်းသည် ဘယ်လော့တီအား ယူရို (၂၅)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ဖြစ်နေပြီး တိုရီနိုအသင်းကမူ ၎င်းအတွက် ယူရိုသန်း (၄၀)ကျော် အလိုရှိနေကြောင်း Il Corrie dello Sport က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
