Top News

ဘယ်လင်ဟမ်၏ သွင်းဂိုးပယ်ချခံရပြီး VAR ဖြင့် ပြန်လည်သုံးသပ်ခြင်းလည်းမပြုလုပ်ခဲ့၍ ဒေါ့မွန်အသင်းဒေါသထွက်  
24htopnews | November 29, 2024 5:12 PM CST

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် မန်စီးတီး(၂-၁) ဒေါ့မွန်ပွဲ၌ ဒေါ့မွန်အသင်း၏ အင်္ဂလန် ကွင်းလယ်လူ ဘယ်လင်ဟမ်၏သွင်းဂိုး မရရှိခဲ့ခြင်းအတွက် ဒေါ့မွန်အသင်း တာဝန်ရှိသူများနှင့် ကစားသမားများမှာ ဒေါသထွက်နေကြကြောင်း သိရှိရသည်။

    

ယင်းပွဲ၏ ပွဲချိန် (၃၆)မိနစ်တွင် ဘယ်လင်ဟမ်သည် မန်စီးတီးဂိုးသမား အီဒါဆန်နှင့် ဘောလုံးကို (အပြိုင်ကန်ကာ)ယှဉ်လုခဲ့ပြီး ဂိုးသမားမရှိသည့် ဂိုးပေါက်အတွင်းသို့ ဘောလုံးကိုကန်သွင်းယူခဲ့သည်။ 

သို့သော် အီဒါဆန်နှင့်သူ ဘောလုံးယှဉ်လုပြီး အီဒါဆန် လဲကျစဉ်ကတည်းက ယင်းပွဲ၏ ရိုမေးနီးယားကွင်းလယ်ဒိုင်လူကြီး ဟေတီဂန်က ခရာမှုတ်ကာ ယင်းသွင်းဂိုးကို ပယ်ချခဲ့သည်။ 

ယင်းဖြစ်ရပ်၌ ဒိုင်လူကြီးသည် VAR ကိုလည်း ပြန်လည်ကြည့်ရှုသုံးသပ်ခြင်းမရှိခဲ့ရာ ဒေါ့မွန်အသင်းတာဝန်ရှိသူများမှာ အလွန်ဒေါသထွက်ခဲ့ကြသည်။

    

ယင်းပွဲတွင် အသက် (၁၇)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်၏သွင်းဂိုးအား ဒိုင်လူကြီးက ပေးသင့်သော်လည်း မပေးဘဲ ပယ်ချခဲ့သည်ဟု အင်္ဂလိပ်လူမျိုး ဒိုင်လူကြီးဟောင်းဖြစ်သူ မိုက်ကလက်တန်ဘတ်က Daily Mail သတင်းစာတွင် သုံးသပ်ရေးသားခဲ့သည်။


READ NEXT
Cancel OK