လန်ဒန်ကလပ်စပါးအသင်းသည် ယခုရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက နည်းပြဖြစ်သူ မော်ရင်ဟိုကိုထုတ်ပယ်ခြင်းအတွက် လျော်ကြေးငွေများစွာ လျော့ကျစေနိုင်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
အစောပိုင်းက ဖော်ပြခဲ့သော သတင်းများတွင် စပါးအသင်းအနေဖြင့် စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသူ မော်ရင်ဟိုအား လာမည့်နွေ ရာသီတွင် ရာထူးမှထုတ်ပယ်ခဲ့ပါက လျော်ကြေး ပေါင်သန်း(၃၀)အထိ ပေးချေရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် စပါးအသင်းနှင့် မော်ရင်ဟို ချုပ်ဆိုထားသော စာချုပ်တွင် သူ့အားရာထူးမှထုတ်ပယ်ခဲ့ပါက အသင်းအောင်မြင်မှုအပေါ် အခြေခံသည့် အချက်ထည့်သွင်းထားကြောင်း သိရသည်။
ယင်းအချက်အရ စပါးအသင်းအနေဖြင့် မျှော်မှန်းထားသည့်အောင် မြင်မှုမရခဲ့ပါက မော်ရင်ဟို၏လျော်ကြေးငွေကို များစွာလျှော့ချနိုင်ကြောင်း သိရသည်။
Daily Mail သတင်းစာတွင်ဖော်ပြခဲ့သည့် သတင်းအရ စပါးအသင်းဥက္ကဋ္ဌ လီဗီအနေဖြင့် မော်ရင်ဟိုအားထုတ်ပယ်မှုအတွက် လျော်ကြေးပေါင်သန်း(၂၀)ပင် မကုန်ကျဘဲ ထုတ်ပယ်နိုင်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
