ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက် ဒူးဒဏ်ရာကြောင့် တစ်လနားရမည်
24htopnews | November 29, 2024 5:12 PM CST
ဝက်စ်ဟမ်းအသင်း၏ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်သည် ဒူးဒဏ်ရာကြောင့် တစ်လကြာ အနားယူရမည် ဖြစ်ကြောင်း သိရသည်။
ဒက်ကလန်ရိုက်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားရင်း အဆိုပါဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဝုလ်ဗ်နှင့် ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။
ဒဏ်ရာအခြေအနေမှာ တစ်လဝန်းကျင် အနားယူရမည်ဖြစ်၍ ဥရောပဝင်ခွင့်အတွက် မျှော်လင့်တိုက်ပွဲဝင်နေသော ဝက်စ်ဟမ်းအသင်းအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ကြောင်းလည်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့ကြသည်။
ဒက်ကလန်ရိုက်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဝက်စ်ဟမ်းအသင်းအတွက် ပွဲတိုင်းပါဝင်ကစားပေးထားသူဖြစ်ပြီး အသင်း၏ ပွဲအများဆုံးကစား သမားစာရင်းတွင် ပါဝင်နေသူဖြစ်ကြောင်းလည်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
