တရုတ်သည် နျူကလီးယားလက်နက်ထိပ်ဖူးအရေအတွက် ၅၀၀ ကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်၏ နျူကလီယားလက်နက်အင်အားသည် မျှော်မှန်းထားခဲ့သည်ထက် ပိုမိုမြန်ဆန်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလအထိ တရုတ်တွင် စစ်ဆင်ရေးအသုံးပြုနိုင်သည့် နျူကလီးယားထိပ်ဖူး ၅၀၀ ကျော်ရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့် “တရုတ် စစ်အင်အား အစီရင်ခံစာ”တွင် ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ တရုတ်၏ နျူကလီးယားလက်နက်ထိပ်ဖူးအရေအတွက် အနည်းငယ်ပိုမိုများပြားလာခြင်းသည် မိမိတို့အတွက် စိုးရိမ်မှုများကို အများကြီးမြင့်တက်စေခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်သည် ၂၀၃၀ ပြည့်နှစ်တွင် စစ်ဆင်ရေးအသုံးပြုနိုင်မည့် နျူကလီးယား လက်နက်ထိပ်ဖူးအရေအတွက် ၁၀၀၀ ကျော် ရှိလာနိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် အမေရိကန်၌ နျူကလီးယား လက်နက်ထိပ်ဖူးအရေအတွက် ၃၇၀၀ ခန့် ရှိပြီး ရုရှားတွင် ၄၅၀၀ ခန့်ရှိကာ တရုတ်တွင် ၄၁၀ ခန့်ရှိသည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန၏ အဆိုအရ သိရသည်။
တရုတ်သည် သမ္မတ ရှီကျင်းပင်လက်ထက်တွင် ကမ္ဘာ့စင်မြင့်ထက်၌ ပိုမိုအင်အားကြီးမားသည့် အခန်းကဏ္ဍကို မြှင့်တင်လိုသည့် ရည်မှန်းချက်နှင့်အညီ စစ်အင်အားကို ချဲ့ထွင်ခြင်းနှင့် အဆင့်မြှင့်တင်မွမ်းမံခြင်းတို့ ပြုလုပ်နေသည်ဟုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း အမေရိကန်က တရုတ်သည် နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်စစ်လေယာဉ်များကို ဆန့်ကျင်သည့် အန္တရာယ်များပြီး ရန်လိုသော လေကြောင်းအင်အား အစီအ စဉ်များကို လုပ်ဆောင်နေကြောင်းစွပ်စွဲခဲ့ပြီး ထိုလုပ်ဆောင်မှုများသည် အင်အားကြီး နှစ်နိုင်ငံအကြား မတော်တဆ ပဋိပက္ခဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့သည်။
အရှေ့တရုတ်ပင်လယ်နှင့်တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေသည့် အမေရိကန်လေယာဉ်များကို တရုတ်လေယာဉ်များက ရန်လိုသည့် နည်းဗျူဟာများဖြင့် ခြိမ်းခြောက်ခဲ့ကာ ၂၀၂၁ ခုနှစ် ဆောင်းဦးရာ သီကာလကတည်းက ထိုကဲ့သို့သော ဖြစ်စဉ်ပေါင်း ၁၈၀ ကျော်ရှိခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး အယ်လီရတ်နာက အောက်တိုဘာ ၁၇ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေးနှင့် တောင်တရုတ်ပင်လယ်အရေးတို့ အပါအဝင် များပြားသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးများသည် အနိမ့်ဆုံးအဆင့်အထိ ကျ ဆင်းခဲ့သည်။
တရုတ်သည် ၎င်း၏ နျူကလီးယားလက် နက်အင်အားနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဝေမျှပြောကြားခဲ့ခြင်းမရှိသော်လည်း တရုတ်အနေဖြင့် ၎င်းတို့၏ နျူကလီးယားအင်အားကို ပိုမိုပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပေးရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် မြေပြင်၊ ဝေဟင်နှင့် ရေငုပ် သင်္ဘောများမှတစ်ဆင့် ၎င်း၏ နျူကလီးယားလက်နက်များ ပစ်လွှတ်နိုင်စွမ်းကို တိုးမြှင့်ရန်စီစဉ်နေပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရေး အဆောက်အအုံ ၃၀၀ ခန့်ကို အပြီးသတ်တည်ဆောက်ခဲ့ဖွယ်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် တရုတ်ကို ၎င်း၏ ထိပ်သီးပထဝီနိုင်ငံရေးပြိုင်ဘက်တစ်ဦးအဖြစ် ယူဆထားသည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
