မန်စီးတီးအသင်း၏ တိုက်စစ်မှူး အဂွဲရိုးသည် ပရီးမီးယားလိဂ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီးနောက် စပါးအသင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုး(၃၂ နှစ်)သည် လာမည့်နွေရာသီတွင် မန်စီးတီးအသင်းနှင့် လမ်းခွဲမည်ဖြစ်ပြီး အစောပိုင်းက ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ပရီးမီးယားလိဂ်တွင်သာ ဆက်နေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိမည့် အဂွဲရိုးကို လန်ဒန်မြို့ခံ ချယ်လ်ဆီးအသင်းက ကြိုး မ်းဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့သော်လည်း အဂွဲရိုးက ဟာရီကိန်းနှင့် လမ်းခွဲရန် နီးစပ်နေသည့် စပါးအသင်းသို့ ပြောင်းရွှေ့ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း သိရသည်။
အဂွဲရိုးသည် အသင်းသစ်ရှာဖွေရာတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းထက် ပုံမှန်ပွဲထွက်ခွင့်ရမည့်အသင်းကိုသာ ဦးစားပေးရွေးချယ်လိုကြောင်း သိရသည်။
အနာဂတ်နှင့်ပတ်သက်၍ အဂွဲရိုးက "လက်ရှိမှာ ပရိသတ်တွေပျော်ရွှင်စေဖို့ ဆုဖလားအောင်ပွဲတွေ ရယူပေးနိုင်အောင် လက်ကျန်ပွဲတွေမှာ ကျွန်တော် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ပြီးရင်တော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ စတင်လုပ်ဆောင်သွားပါမယ်။ အဆင့်အမြင့်ဆုံးပြိုင်ပွဲတွေမှာ ဆက်ပြီး ယှဉ်ပြိုင်ကစားနိုင်အောင် ပြင်ဆင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
