PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် စထရာဘိုး၊ စိန့်အက်တီယန်တို့နှင့် ရင်ဆိုင်ရမည့် ပြင်သစ်လီ ဂူး(၂)ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
နေမာသည် လိုင်လီအသင်းအား (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ပြိုင်ဘက်နောက်ခံလူ တီယာဂိုဂျာလိုနှင့် ပြဿနာဖြစ်ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်ဦးစလုံး ပွဲပယ်ပြစ်ဒဏ်များကျခံရခြင်းဖြစ်ပြီး ပြင်သစ်လီဂူး ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသော PSG အသင်းမှာ နေမာကို လာမည့်ပွဲစဉ် (၂)ပွဲ ဆုံးရှုံးရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် PSG အသင်းသည် ပြင်သစ်လီဂူးပြိုင်ပွဲ၌ အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ လိုင်လီအသင်းနှင့် (၃) မှတ်ကွာဟနေသည်။
ပြင်သစ်လီဂူးပြိုင်ပွဲမှာ ပြိုင်ပွဲပြီးဆုံးရန် (၇) ပွဲသာ လိုအပ်တော့သည့်အတွက် အဓိကတိုက်စစ်မှူး နေမာကို ဆုံးရှုံးရခြင်းမှာ ထိုးနှက်ချက်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ပြင်သစ်လီဂူးပြိုင်ပွဲ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက နေမာကို (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း တီယာဂိုဂျာလိုကိုမူ (၁) ပွဲ ပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
နေမာသည် ယခုပြစ်ဒဏ်ကြောင့် ဧပြီလ(၂၄)ရက်တွင် ယှဉ်ပြိုင်ရမည့် မက်ဇ်နှင့်ပွဲမှသာ ပြန်ကစားနိုင်မည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
