Top News

 မြန်မာအမျိုးသမီးဖူဆယ်အသင်း ထိုင်းဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးပွဲကို ဧပြီ(၂၆)တွင် ယှဉ်ပြိုင်ကစားမည်
24htopnews | November 29, 2024 6:12 PM CST

ထိုင်းဘောလုံးအဖွဲ့ချုပ်(FAT) က စီစဉ်ကျင်းပသည့် NSDF ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် နောက်ဆုံးပွဲအဖြစ် ဧပြီ(၂၆) ရက်တွင် သြစတြေးလျကလပ် South Perth အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးဖူဆယ်အသင်းနှင့် သြစတြေးလျကလပ် South Perth အသင်းတို့သည် ဧပြီ(၂၆)ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၁) နာရီခွဲတွင် အဆင့်(၄) နေရာအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲကို ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း၊ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ ထိုင်း All Stars အသင်းနှင့် သြစတြေးလျကလပ် South Perth အသင်း (၅)သင်းဝင်ရောက်ယှဉ်ပြိုင်နေကြပြီး အုပ်စုပတ်လည်ပုံစံကျင်းပနေခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းလက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့က (၃)ပွဲကစား ရမှတ်(၉) မှတ်စီရရှိထားသောကြောင့်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်။

ထိုင်းလက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့သည် မြန်မာစံတော်ချိန် (၃) နာရီခွဲတွင် ချန်ပီယံလုပွဲ ကစားရမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းနှင့် သြစတြေးလျကလပ် South Perth အသင်းတို ့မှာ (၃) ပွဲစလုံးရှုံးနိမ့်ထားသည်။

 


READ NEXT
Cancel OK