နာမည်ကျော်ဘောလံုံးသမားဟောင်း ဒရော့ဘာ၏ အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအိပ်မက် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်စနေနေ့၌ အိုင်ဗရီ ကို့စ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲ ပထမအဆင့်ကျင်းပခဲ့ပြီး အဆိုပါပထမအဆင့်တွင်ပင် ဒရော့ဘာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပထမအဆင့်မဲရလဒ်များအရ ဒရော့ဘာသည် ရွေးကောက်ပွဲဝင်ပြိုင်ဘက်နှစ်ဦးဖြစ်သည့် ယာဆင်းအီဒရစ်ဒီယဲလ်လို၊ ဆိုရီဒီဘာတီတို့ထက် မဲအရေအတွက်နည်းပါးခဲ့ပြီး တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
ဒရော့ဘာသည် မဲအရေအတွက် (၂၁)မဲသာရရှိခဲ့ပြီး ယာဆင်းအီဒရစ်ဒီယဲလ်လိုက (၅၉)မဲဖြင့် ပထမနေရာ၊ ဆိုရီဒီဘာတီက (၅၀)မဲဖြင့် ဒုတိယနေရာများတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲ မဲပေးရွေးချယ်ပုံစနစ်အရ ပထမအဆင့်တွင် မဲအများဆုံးရရှိသူ (၂)ဦးသည် ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ဒရော့ဘာ၏ ကျော်ကြားမှုပုံရိပ်အရ ယခုလိုပထမအဆင့်တွင် အရေးနိမ့်ခဲ့ခြင်းအပေါ် အိုင်ဗရီကို့စ်ဘောလုံး အသိုင်းအဝိုင်းက အံ့အားသင့်နေကြသည်။
ဒရော့ဘာသည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁)ရက်တွင် အိုင်ဗရီကို့စ်ဘောလုံး အဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒရော့ဘာသည် အိုင်ဗရီကို့စ်အသင်းနှင့်အတူ အာဖရိကနိုင်ငံများဖလား (၅) ကြိမ်၊ ကမ္ဘာ့ဖလား (၃)ကြိမ်ပါဝင်ကစားခဲ့ပြီး (၆၅)ဂိုးသွင်းယူပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
