မန်စီးတီးတိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်းနေ
24htopnews | November 29, 2024 6:12 PM CST
မန်စီးတီးအသင်းနှင့် အနာဂတ်မ ရေမရာဖြစ်လာသည့် ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူရန် အာဆင်နယ်အသင်းက ကြိုးပမ်းနေကြောင်း သိရသည်။
ဂျေးဇူးသည် ဝက်ဖို့ဒ်နှင့်ပွဲတွင် (၄)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၌ ပထမဆုံးဟက်ထရစ် သွင်းယူနိုင်ခဲ့သော်လည်း ဂွါဒီယိုလာ၏ အနာဂတ်စီမံကိန်းများတွင် ပါဝင်ခြင်းမရှိတော့ဟု သတင်းထွက်နေသည်။
ဂွါဒီယိုလာသည် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူနိုင်ခဲ့ပါက ဂျေးဇူးကို ရောင်းထုတ်တော့မည်ဟု မီဒီယာအချို့ကလည်း ထင်ကြေးပေးဖော်ပြနေကြသည်။
ဂျေးဇူး(၂၅ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာ အီဒူးက ၎င်းနှင့် ဆွေးနွေးနေပြီဟု သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
