ချယ်လ်ဆီးအသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က ဂျာမန်နောက်ခံလူ ရူဒီဂါသည် ရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ရူဒီဂါ(၂၉ နှစ်)သည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကို အကြိမ်ကြိမ်ငြင်းပယ်နေသူဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ချယ်လ်ဆီးအသင်းနှင့် သက်တမ်းတိုးရန် ပြန်လည်စဉ်းစားလာကြောင်း သတင်းထွက်ခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ တစ်ပတ်ပေါင်(၂၀၀၀၀၀)ဖြင့် နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချကာ အသင်းပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝက်စ်ဟမ်းအသင်းကို အနိုင်ရသည့်ပွဲအပြီးတွင် သောမတ်စ်တူဟယ်လ်က "သူ အသင်းက ထွက်ခွာချင်တဲ့အကြောင်း ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။ ဒါ သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါဟာ စိတ်ပျက်စရာဖြစ်ပြီး ကျွန်တော်တို့အတွက် ဆုံးရှုံးမှုက ကြီးမားပါတယ်။ သူက ထိပ်တန်းနောက်ခံလူဖြစ်ပြီး ရာသီကုန်အထိ အဓိကကစားသမားအဖြစ် ဆက်ရှိနေမှာပါ" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
