မန်ယူအသင်း၏ နည်းပြရန်းနစ်က အာဆင်နယ်အသင်းကို ရှုံးနိမ့်အပြီးတွင် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် လီဗာပူးလ်နှင့် အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့သည့်အတွက် (၃၄)ပွဲကစားအပြီး၌ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၆)နေရာသို့ ရောက်ရှိခဲ့သည်။
အဆင့်(၄)နေရာမှ အာဆင်နယ်နှင့် အဆင့်(၅)နေရာမှ စပါးတို့မှာ (၃၃)ပွဲစီသာ ယှဉ်ပြိုင်ကစားထားပြီး မန်ယူအသင်းအနေဖြင့် အာဆင်နယ်နှင့် (၆)မှတ်၊ စပါးနှင့် (၄)မှတ်ကွာဟနေသည်။ ထို့ကြောင့် ရန်းနစ်က လက်လျှော့စကားဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ရန်းနစ်က "အမှတ်ပေးဇယားကို ကြည့်လိုက်ပါ။ စပါးနဲ့ အာဆင်နယ်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့ တကယ့်ကို အိပ်မက်မက်ခွင့် မရှိတော့ပါဘူး။ အသင်းရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လာရင်တော့ ချယ်လ်ဆီး၊ ဘရန့်ဖို့ဒ်တို့နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းနှစ်ပွဲ ကျန်ရှိနေပါတယ်။ ဒီပွဲတွေက ရလဒ်ဆိုးတွေထဲက ရုန်းထွက်ဖို့ အခွင့်အရေးပါပဲ"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုတစ်ပတ်ကြားရက်တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လာမည့်တနင်္လာနေ့၌ ဘရန့်ဖို့ဒ်နှင့် အိမ်ကွင်းပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။
နောက်ဆုံးပွဲစဉ်နှစ်ပွဲမှာ အဝေးကွင်းပွဲစဉ်များဖြစ်သောကြောင့် ရန်းနစ်က ပရိသတ်များအတွက် အိမ်ကွင်းပွဲစဉ်များတွင် ရလဒ်ကောင်းရယူနိုင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်းနစ်က လက်ရှိ မန်ယူအသင်း၏ ရှုံးပွဲဆက်မှုမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့ခြင်း၏ အကျိုးဆက်ဟုလည်း သုံးသပ်ခဲ့ပြီး ယင်းရှုံးပွဲက ကစားသမားများ၏ စိတ်ဓာတ်နှင့် မျှော်လင့်ချက်များကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရန်းနစ်က "အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့တာက ကစားသမားတွေရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေခဲ့သလို၊ ကစားသမားတချို့ရဲ့ စိတ်ခံစားမှုကိုလည်း ထိခိုက်စေခဲ့ပါတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ပြီးတော့ လက်စတာနဲ့ သရေကျခဲ့တာ၊ အဲဗာတန်ကို ရှုံးခဲ့တာတွေကလည်း သက်ရောက်မှုတချို့ ရှိခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် နောက်ဆုံးပရီးမီးယားလိဂ်(၅)ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိပြီး (၄)မှတ်သာရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
