ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူ သောမတ်စ်မူလာသည် ဘွန်ဒစ်လီဂါချန်ပီယံဆုကို (၁၁)ကြိမ်မြောက်ရရှိသည့်ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဒေါ့မွန်အသင်းနှင့်ပွဲစဉ်တွင် (၃-၁)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဘွန်ဒစ်လီဂါချန်ပီယံဆုကို (၁၀)ရာသီ ဆက်နှင့် (၃၂)ကြိမ်မြောက်ဆွတ်ခူး နိုင်ခဲ့သည်။
၂၀၀၈-၀၉ ရာသီမှစတင်၍ ဘိုင်ယန်မြူးနစ်အသင်းတွင်ကစားခဲ့သူ သောမတ်စ်မူလာသည် ၂၀၀၉-၁၀ ရာသီ၌ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ရာသီမှ လက်ရှိရာသီအထိ ဘိုင်ယန်မြူးနစ်၏ (၁၀)ရာသီဆက် ဘွန်ဒစ်လီဂါချန်ပီယံအောင်ပွဲတွင် အဓိကကစားသမားအဖြစ် အသုံးတော် ခံနိုင်ခဲ့သည်။
သောမတ်စ်မူလာက "စံချိန်တင်ချန်ပီယံဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး အခုအရာအားလုံးက အံ့အားသင့်စရာဖြစ်လာပါပြီ။ ချန်ပီယံဆုကို (၁၀)ရာသီဆက် ဆွတ်ခူးနိုင်တာဟာ ပျင်းရိစရာမဟုတ်ဘဲ ထူးခြားကြီးမြတ်မှုပါပဲ။ ကျွန်တော်တို့ လိုချင်စိတ်သာပြင်းပြမယ်ဆိုရင် နှစ်တိုင်း ရရှိနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
