Top News

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်နှင့် စီးရီးအေ ပွဲကြိုသုံးသပ်ချက်
24htopnews | November 29, 2024 6:12 PM CST

ခရစ္စတယ်ပဲလေ့စ် နှင့် လိဒ်စ် (မြန်မာစံတော်ချိန် တနင်္လာည ၁း၃၀ နာရီ)

လိဒ်စ်အသင်းက နည်းပြသစ်နဲ့အတူ ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေတာ တွေ့ရတယ်။ အားကောင်းတဲ့ တိုက်စစ်ကစားပုံကို ပြန်မြင်တွေ့လာရပြီး ခံစစ်ပိုင်းကတော့ အရမ်းစိတ်ချရတဲ ့အနေအထားမဟုတ်ဘူး။ ပဲလေ့စ်က ခံစစ်တော်တော်လေးကောင်းပါတယ်။ အသင်းလိုက်ကစားပုံ မာကျောပြီး အိမ်ကွင်းရလဒ်လည်း ကောင်းမွန်တာတွေ့ရတယ်။ သရေကျသွားနိုင်တယ်။ 

ဆာဆူအိုလို နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် တနင်္လာည ၁း၁၅ နာရီ)

ဂျူဗင်တပ်စ်က နောက်ပိုင်းပွဲတွေမှာ အမှတ်လေလွင့်မှု တွေရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပြန်ဝင်လာခဲ့တယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်ရဲ့ ခြေစွမ်းကလည်း မှန်းစရခက်ခဲပြီး အားရစရာလည်း သိပ်မတွေ့ရသေးဘူး။ ဆာဆူအိုလိုက အိမ်ကွင်းဆိုရင် တိုက်စစ်ကစားပုံကောင်းတယ်။ ဘယ်ရာဒီဦးဆောင်တဲ့ တိုက်စစ်ကလည်း အားရဖို့ကောင်းပါတယ်။ နှစ်သင်းပေါင်းဂိုးများနိုင်ပြီး ဂျူဗင်တပ်စ် အလွန်ဆုံး သရေလောက်ပဲရမယ်။


READ NEXT
Cancel OK